Ones in the Millions (Part - 32)
'Miyoung -ya...'
Taemin တစ်ယောက် Miyoung အား ခေါ်ရန် အောက်ထပ် ကို ဆင်းလာခိုက် မြင်လိုက်ရသော မြင်ကွင်း ကြောင့် လန့်ကာ နံရံ နှင့် ကိုယ့်ကိုယ်ကို ကွယ်လိုက်လေသည်..။
သူ ဘာလို့ အဲ့လောက် ရူးသွပ်ရတာ လဲ?
Miyoung အတိတ် မေ့သွားသွားတာ နဲ့ပဲ Jonghyun Hyung က Miyoung ချစ်သူ ဆိုတဲ့ အမှန်တရား က ပြောင်းလဲ သွားမှာ မလို့လား?!
ရုတ်တရပ် ထွက်ပေါ်လာသော ရှိုက်သံ တစ်ချက် ကြောင့် အသံ မထွက်သွားစေ ရန် ပါးစပ်အား လက်ဖြင့် အုပ်ကာ ကြိုးစား အားတင်းပြီး မတ်တပ်ရပ် ရန် ပြင်လိုက်လေသည်.. ။
'ကျွတ်...'
ရင်ဘတ်က အောင့်လာ ပြန်ပီ....။
သူ ရင်ဘတ် မအောင့်တာ ကြာချေပြီ။
Miyoung ပြန်ပေါ် လာသည် နှင့် တစ်ဆက်တည်း ရင်ဘတ်က ဘာလို့ ပြန်အောင့် လာတာ လဲ တွေး၍ မရ...။
Taemin တစ်ယောက် ဘယ်ဘက် ရင်အုံ မှ ပိုထိုး၍ အောင့် လာသဖြင့် ကား ပေါ်တွင် ရှိသော ဆေးအား သွားယူ ရန် အမြန် ပြေးသွားလေ တော့သည်...။
**********
'လောလောဆယ်.... အားလုံး.. သူငယ်ချင်း လို နေကြတာ ပေါ့...'
Miyoung အခန်းထဲ ပြန်ဝင်ဝင် ချင်း အားလုံး ကြားအောင် ပြုံးကာ ပြောလိုက်လေသည်.. ။
အဲ့လို ဆုံးဖြတ် တာ ပဲ အကောင်းဆုံး ဖြစ်ချေမည်...။ သူ အပြင်မှာ ဘယ်လောက် အချိန် ကြာအောင် သွား ဆုံးဖြတ်စေ ကာမူ.. ကျေနပ်လောက် သည့် အဖြေ မထွက်...။
သူ Taeyeon တို့ကို ပြောပြ သလိုပင်...။
သူ လေးယောက် လုံး ကို သဘောကျ ပေသည်..။
'Tae..Taemin ကော..? '
Miyoung တစ်ယောက် ပြောနေတုန်း Taemin အား မတွေ့၍ ကျန်တဲ့ သူတွေ အားမေးလိုက်လေ တော့သည်..။
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...