Ones in the Millions (Part - 33)

204 18 1
                                    

Ones in the Millions (Part - 33)

အဆက်​မပြတ်​ မြည်​​နေ​သော Alarm အား Miyoung တစ်​​ယောက်​ လှမ်းပိတ်​ လိုက်​ရင်း ကုတင်​​ပေါ်မှ အိပ်​ချင်​မူးတူး ထ, ထိုင်​ လိုက်​​လေသည်​...။

မ​နေ့ညက အိမ်​ပြန်​ ​နောက်​ကျ၍ အခု မနက်​ပင်​ မထ,နိုင်​...။

သူ ရုတ်​တရပ်​ မ​နေ့ည က အဖြစ်​ကို ပြန်​​တွေးရင်း ​ခေါင်းအုံး ​ပေါ်သို့ မျက်​နှာ ဖိအပ် ​​လိုက်​​လေသည်​...။

'Aigoo.. ငါ​တော့ ရူး​တော့မှာ ပဲ...'

ဘယ်​လိုပဲ Jonghyun က သူ့ချစ်​သူ ဆို​စေကာ မူ ​တွေ့တာ ရက်​ပိုင်းပဲ ရှိ​သော လူတစ်​​ယောက်​ အဖို့ မ​နေ့က အဖြစ်​မှာ ​စောလွန်းလှ ​သေးသည်​...။

'ငါ မှားသွာပြီလား မသိဘူး.. သူ​တော့ ငါ့ကို အ​ပေါစား လို့ ထင်​သွား​တော့ မှာပဲ ...Arhhh!! Park Miyoung! နင်​ ​သေသင့်​တယ်​..'

သူ ​စောင်​ပုံထဲက မထွက်​ပဲ တစ်​​ယောက်​တည်း ကုန်း​အော်​ လိုက်​​တော့သည်​..။

'တီ....'

သူ ​စောင်​ထဲမှ ​ခေါင်းပြူ ကြည့်​လိုက်​​တော့ ဖုန်း screen မီးလင်း ​နေ​လေသည်​..။ Msg လာသည့်​ ပုံ...။

ကုတင်​​ပေါ်မှ ​လေး​ဖက်​​ထောက်​ သွားရင်း ခုံ​ပေါ်ရှိ ဖုန်းအား လှမ်းယူ လိုက်​​လေသည်​..။

မနက်​​စော​စော စီးစီး ဘယ်​သူ ပါလိမ့်​..?!

"နိုးပြီလား.... ?

ညက ​ကောင်း​ကောင်း အိပ်​​ပျော်​ ရဲ့လား....?

ကိုယ်​​တော့ တစ်​ညလုံး အိပ်​လို့​ မရဘူး....

လွမ်းလို့........."

Msg နှင့်​အတူ ကုတင်​​ပေါ်တွင်​ လှဲကာ ရိုက်​ထား​သော Selca ဓာတ်​ပုံ ​လေး တစ်​ပုံ ပါ​လေသည်​..။ ကြည့်​ရတာ တစ်​ညလုံး မအိပ်​ရ​သေး သည့်​ ပုံ...။

'Arhhhh....!!'

ဓာတ်​ပုံ မြင်​ပြီး Miyoung တစ်​​ယောက်​ ထ,​အော်​ ပြန်​​တော့သည်​...။

အဲ့တစ်​​ယောက်​ ဘာလို့ အဲ့​လောက်​ ​လူကို စိတ်​ မခိုင်​​အောင်​ လာလာ လုပ်​​နေတာ လဲ?

Ones in the Millions(Hiatus)Where stories live. Discover now