The legend of the blue sea
အပိုင်း(3) မှော်နက်စွမ်းအင်ပိုင်ဆိုင်သည့်ေရမျိုးနွယ်စု
ဒီနေရာမှာအသုံးပြုကြတဲ့ အနက်ရောင်ေမှာ်စွမ်းအင်ဆိုတာကိုသိပ်မသိကြလို့အယူလွဲနေတာလေးတွေရှိတယ်
ဒီလောကမှာ အနက်ရောင်မှော်စွမ်းအင်နဲ့အဖြူရောင်မှော်စွမ်းအင်ဆိုပြီး နှစ်မျိုးသာခွဲခြားထားတယ်
အနက်ရောင်မှော်စွမ်းအင်အသုံးပြုသူတွေကဘယ်တော့မှ နတ်ဘုရားအဖြစ်ကိုမရောက်နိုင်ကြဘူး
အဖြူရောင်မှော်စွမ်းအင်အသုံးပြုသူတွေကတော့ နတ်ဘုရားတွေနဲ့ အထက်ဘုံကိုသွားဖို့ရာအတွက်အားထုတ်ကျင့်ကြံနေကြတဲ့ေတာက်တရားကျင့်ကြံသူများသာဖြစ်တယ်
အနက်ရောင်မှော်စွမ်းအင်ကိုယုတ်ညံ့တဲ့အမျိုးအစားအဖြစ်သတ်မှတ်ထားပြီး ကုန်းမြေပေါ်မှာဆိုရင် အသုံးပြုနိုင်သူတော်တော်ရှားသွားပြီ
လူမသိသူမသိ တိတ်တိတ်လေးဆက်လက်ထွန်းကားနေဆဲဖြစ်ပေမဲ့ အနက်ရောင်မှော်စွမ်းအင်သုံးစွဲသူများကို တောက်တရားကျင့်ကြံသူများကတွေ့တာနဲ့သတ်ဖြတ်လေ့ရှိတာကြောင့် အနက်ရောင်မှော်စွမ်းအင်သုံးတတ်ရင်တောင်ပေါ်ပေါ်ထင်ထင်မသုံးဝံ့ကြဘူး
လူတွေကတော့ လူတွေသာအသွေးအသားနဲ့တည်ဆောက်ထားတယ်လို့ထင်နေကြပြီး တခြားသူတွေကိုတော့လျစ်လျူရှူ့ထားတတ်ကြတာသဘာဝပဲမဟုတ်လားလေ
လောကကြီးကလဲတော်တော်မှမတရားတာလေ
အဖြူရောင်တောက်ကျင့်ကြံသူများဟာ တသက်စာအာစထုတ်ကျင့်ကြံပြီးရင် အထကါဘုံကိုမြန်းကာ နတ်ဘုရားဖြစ်ခွင့်ရကြပေမဲ့
အနက်ရောင်မှော်စွမ်းအင်သုံးတဲ့သူတွေကတော့ နတ်ဘုရားဆိုတာလုံးဝဖြစ်မလာကြရလေဘူး
သူတို့နှစ်ပေါင်းတစ်ထောင်မကလို့ နှစ်ပေါင်းတသိန်းထိပဲကျင့်ကြံအားထုတ်ပါစေဉီး
သူတို့အတွက်နတ်ဘုရားမုဒ်ဝတံခါးဟာဘယ်တော့မှပွင့်မလာတဲ့အပြင် နှစ်တသောင်းအထက်သက်တမ်းရှိတဲ့အနက်ရောင်မှော်စွမ်းအင်သုံးစွဲသူတွေကိုမိလိုက်တာနဲ့ဆေးအဖြစ်ကျိုချင်ကြတာမို့ ဘယ်တော့မှသဟဇာတဖြစ်မလာခဲ့ကြလေဘူး
ESTÁS LEYENDO
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Ficción históricaown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...