Starting soon 1 (ChanBaek)

40 1 0
                                    

Unicode

Starting soon:

ချန်ယောလ်လီအတွက်ကပိုက်ဆံဆိုတာအရေးမကြီးပေမဲ့
ရှင်သန်ရမဲ့အကြောင်းအရင်းတစ်ခုကတော့ပိုက်ဆံပဲဖြစ်နေတယ်မလား...

13 November 1998

မှောင်မိုက်နေတဲ့စံအိမ်တော်ကြီးအတွင်းကအခန်းငယ်လေးရဲ့အိပ်ရာတစ်ခုပေါ်မှာပန်းချီထိုင်ဆွဲနေတဲ့အသက်
(၆)နှစ်အရွယ်ကောင်လေးကိုအသက်ခပ်ကြီးကြီးလူကြီးတစ်ယောက်ကအခန်းဝကနေဆေးလိပ်ဖွာကာတံ‌ခါးဘောင်ကိုမှီကြည့်နေရင်းမျက်ဝန်းတွေကခပ်ဆွေးဆွေးလေး....

“သားလောကမှာသားအခုနှစ်သက်နေတဲ့အရာဟာသားကိုရပ်တည်စေနိုင်မဲ့အရာတစ်ခုလို့ထင်လားသား”
ချန်ယောလ်လီပန်းချီဆွဲနေရင်ဖခင်ရဲ့စကားသံကြားလိုက်ရတော့နောက်လှည့်ကြည့်မိတာနဲ့တွေ့လိုက်ရသည်မှာ.....ပစ္စတိုတစ်လက်ကိုနားထင်ထောက်ထားတဲ့ဖခင်ဖြစ်သူရဲ့ပုံရိပ်ဖျော့ဖျော့...
“ပါပါး...”
ချန်ယောလ်လီရဲ့လောကကြီးကိုနားမလည်သေးတဲ့မျက်ဝန်းတွေနဲ့အကြည့်တစ်ချက်....
“သားရှင်သန်ရမယ်....သားကိုယုံကြည်တာမလို့...သားက‌ကောင်းမွန်စွာရှင်ကျန်ခဲ့ရမယ်”
ထုံးစံအတိုင်းခပ်တုံးတုံးအကြည့်တစ်ချက်ပဲဖခင်ဖြစ်သူပြန်ရလိုက်တယ်..
ဒိုင်း..!!
“ပါပါး...ဘာဖြစ်သွားတာတုန်းဟင်
ပါပါးရေ....”
ချန်ယောလ်ခပ်ဖြေးဖြေးထကာဖခင်ဖြစ်သူရဲ့မျက်နှာလေးကိုဖွဖွလေးကိုင်ပြီးလှုပ်နှိုးနေမိတယ်...
ဘာရယ်ကြောင့်မှန်းမသိဘဲမျက်စိရှေ့မှာတင်သေနတ်နဲ့ကိုယ့်ခေါင်းကိုယ်ကိုပြန်ချိန်ထားတဲ့ဖခင်ဖြစ်သူကို
နားမလည်သည့်အပြင်လူတွေရောက်လာပြီးသူ့ကိုဆွဲချီကာဖခင်ဖြစ်သူနားဝိုင်းသွားကြပြီး
သူ့ဖခင်ကိုခေါ်ဆောင်သွားတဲ့လူတစ်စုလည်းနားမလည်နိုင်ပါ....
“ဘာလို့ပါပါးကိုခေါ်သွားကြတာလဲဟင်...”

13 November 2017 3:00AM

“ပါပါး ပါပါး....”
“ပါပါးး ပါပါးးးး”
ဟူးဟဲ ဟူးဟဲ !!!
အိမ်မက်ဆိုးကနေလွတ်မြောက်လာကာမျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက
အဖြူရောင်မျက်နှာကြက်ပြင်....
“၁၉နှစ်ရှိပြီ.....နေ့တိုင်းပဲ‌နှိပ်စက်နေအုန်းမှာလား...”

You've reached the end of published parts.

⏰ Last updated: Jul 25, 2021 ⏰

Add this story to your Library to get notified about new parts!

CommissionsWhere stories live. Discover now