Chapter 28

383 86 10
                                    

Unicode

မနက်စာစားသောက်ပြီးချိန်မှာတော့ ပုံမှန်အတိုင်းပဲ
အားလုံး ကိုယ်လုပ်စရာရှိတာကိုသာ လုပ်ပြီးအနားယူနေကြချိန်။

ကုန်းကျွင်းတစ်ယောက်အပေါ်Coatတစ်ထပ်ဝတ်နေတာမြင်တော့

"ကျွင်းကျွင်း..ဘယ်သွားမလို့လဲ? "

တကယ်တမ်းကုန်းကျွင်းဘယ်သွားမလဲဆိုတာ သူသိပါသည်။

"ဒေါ်လေးချန်အကြောင်းသွားစုံစမ်းမလို့..ကျွန်တော့်စိတ်ထဲလေးနေတယ် ..သူမတစ်ခုခုတော့ မဖြစ်လောက်ဘူးမလား"

"မင်းတစ်ယောက်ထဲသွားမလို့လား"

ကုန်းကျွင်းမှာ ကျန်းကျီဟန်ကို ခေါ်သွားချင်ပါသည်။သို့သော်လည်း သူတစ်ယောက်ထဲသွားလှုပ်ရှားတာကပိုအဆင်ပြေလိမ့်မည်ဟုလည်းထင်သည်။ပြီးတော့ သူတို့နှစ်ယောက်လုံးပျောက်သွားရင် လီတိုက်ခွမ်းအတွက်တစ်မျိုးဖြစ်သွားမှာ ၊ကုန်းကျွင်းတစ်ယောက် မြွေမြွေချင်းခြေမြင်ဆိုသလို အနှီလူအားတစ်စက်မှပင်အယုံအကြည်မရှိ။

"အစ်ကို လိုက်ချင်လို့လား"

"ဟင်အင်း ..မလိုက်တော့ဘူး ..ဂရုတစိုက်သွား"

"အင်း..ကျွန်တော်ပြန်လာခဲ့မယ် ..မကြာပါဘူး"

ထို့နောက် ချစ်ရသူ၏ပါးတစ်ဖက်ကို မဆီမဆိုင်ပဲ နမ်းရှိုက်လိုက်မိတော့ ကျန်းကျီဟန်က သူ့ပါးကိုလက်နဲ့အုပ်ကာ

"မြန်မြန်သွားမှာဖြင့်သွားစမ်းပါကွာ"

ကျန်းကျီဟန်နဲ့စကားအပြောပြီး အိမ်ပြင်အထွက်မှာ အနှီလီတိုက်ခွမ်းနှင့် တည့်တည့်တိုးသွားလေသည်။

//ဒီကောင်ငါတို့အနားမှာပဲ တစ်ချိန်လုံးရှိနေတာလား//

"ကျွင်းအစ်ကို ..ဘယ်သွားမလို့လဲ"

"အာ ...ရှောင်ဟန်အတွက် တောင်အောက်မှာ သူစားတတ်တဲ့ မုန့်တွေသွားဝယ်ပေးမလို့..."

ကျန်းကျီဟန်မှာ ထိုစကားကိုကြားရင်တော့ သွေးတက်နိုင်လေသည်။
ဘယ်အရွယ်မို့လို့ သူကမုန့်ကိုအသေအလဲ ကလေးစားသလိုစားနေရမှာလဲ?

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Место, где живут истории. Откройте их для себя