ပန်းလေးကို အရမ်းလွမ်းနေကြပြီ ထင်လို့..
ဇာတ်သိမ်းပိုင်းကို အပိုင်းတိုတွေ ခွဲပြီး တင်ပေးလိုက်ပါတယ်။ စာအုပ်လည်း မထုတ်ဖြစ်တော့တာကြောင့် extra တွေပါ တင်ပေးမှာမို့.. စုစုပေါင်း ၇ ပိုင်း ၈ ပိုင်းတော့ လာမှာပါ။အမြန်ဆုံးတင်ပေးချင်ပေမဲ့ wp error ကြောင့် draft တွေ ပျက်ကုန်လို့ ပြန်ရေးရင်း အကြာကြီး ကြာသွားပါတယ်၊
အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါ..။
_________________________________________
[ Yong-San တပ်ဆေးရုံကြီး ]
" အလေးပြု.. "
သူ့ကို အလေးပြုလို့ တရိုတသေ နှုတ်ဆက်လာတဲ့ လက်အောက်ငယ်သား ဂင်မ်ဂျုံအင်းကို ဗိုလ်မှူးဘတ်ဟျွန်းက ခပ်ဖွဖွပြုံးလို့ မော့ကြည့်ရင်း ခေါင်းတစ်ချက်ဆတ်ပြမိလိုက်တယ်၊
အချိန်အတော်ကြာမေ့မျောနေရာကနေ သတိရရချင်းမှာပဲ ပေကျင်းဆေးရုံကနေ ကိုရီးယားကို အလျင်တဆော ရွေ့ပြောင်းလိုက်ရတာမို့ သူ့မှာ အမိမြေကို အရင်ပြန်နှင့်သွားတဲ့ ဒီဂျူနီယာလေးကို မတွေ့ဖြစ်လိုက်၊ ဆက်သွယ်ဖို့လုပ်တော့လည်း ချန်းယောလ်ဆီက ကြားရတဲ့ စိတ်မကောင်းစရာသတင်းကြောင့် အားနာသမှုနဲ့ တွန့်ဆုတ်နေမိခဲ့တာက အမှန်...။
ဂျုံအင့်ပုံစံက စိတ်ဖိစီးစရာကိစ္စရပ်တွေကြောင့် အနည်းငယ် ပိန်ပါးသွားပေမဲ့.. မှန်းထားတာထက်ပိုပြီး တည်တည်ငြိမ်ငြိမ်ဖြစ်လို့နေတယ်၊ ဘတ်ဟျွန်းက သူ့ဂျူနီယာကို အကဲခတ်ရင်း ငြိမ်နေတော့၊ တိတ်ဆိတ်လွန်းနေတဲ့အခြေအနေကြောင့် အရိပ်အကဲသိတဲ့ လူနာစောင့်လေးပတ်ချန်းယောလ်က ဂျုံအင် ယူလာတဲ့ သစ်သီးခြင်းကို လှမ်းယူလိုက်ရင်း အရွှန်းဖောက်စကားကိုဆိုတယ်၊
"လူနာလာမေးတာ ကျေးဇူးတင်ပါတယ်၊
ဒါပေမဲ့ ဘာလဲ.. ကိုယ့်စီနီယာကို လာတွေ့တာ တစ်ခြင်းတည်းလား.. ကပ်စေးနည်းလိုက်တာ.. "ချန်းယောလ်ရဲ့ အာရုံလွှဲပြောင်းခြင်းက အောင်မြင်သွားပုံပေါ်တယ်၊တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေရာကနေ နှစ်ယောက်စလုံးက သူ့ကိုလှည့်ကြည့်လာတယ်၊ ဘတ်ဟျွန်းမျက်နှာက ပြုံးယောင်သန်းသွားပေမဲ့လည်း ဂျုံအင်ကတော့ အေးတိအေးစက်ပြန်ဖြေတယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...