V. ( Unicode )

3.6K 504 9
                                    

ကျောင်းတက်ရက်တွေအများကြီးကုန်ဆုံးပြီးတဲ့အခါ ရိပေါ်စိတ်ဝင်စားစရာကောင်းမယ်ထင်လို့ယူခဲ့တဲ့ အဏ္ဏာဝါသိပ္ပံဘာသာရပ်ထက် ရေကူးကလပ်ကပိုပြီးစိတ်ဝင်စားစရာကောင်းတာကို သိခဲ့ရတယ်။

ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် ရှောင်းကျန့်ကပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။ ရှောင်းကျန့်ဆီက အမြဲပိုင်မုန့်လုစားရရင်ပိုတောင် စိတ်ဝင်စားစရာကောင်းဦးမယ်။

မနေ့ကတော့ ရှောင်းကျန့်မောင်းထုတ်တာခံလိုက်ရတယ်။ ဒါပေမဲ့လည်း ပျော်စရာကောင်းတယ်။ တစ်နေကုန်ကိုမြူ းထူးနေတဲ့စိတ်ကြောင့် လူကမြောက်ကြွကြွဖြစ်နေခဲ့သေးတာ။

အခုတော့ ရိပေါ်ကရေကူးကလပ်မှာ ရှောင်းကျန့်အလာကိုစောင့်နေတယ်။ တစ်ခြားနေ့တွေနဲ့မတူဘဲ သိသိသာသာကိုပဲခန်းမအဝင်ဝကိုမျှော်နေတယ်။ တစ်နာရီသာကုန်သွားတယ်။ ရှောင်းကျန့်ကရောက်မလာ။

'ကျစ်...ငါကဘာဖြစ်နေတာလဲ'

မှိုင်းညို့လာတဲ့စိတ်တွေကြောင့် ရိပေါ်ကမပျော်တော့ဘူး။

"Leo...ပြိုင်ပွဲအတွက်မမေ့နဲ့နော်"

ချွတ်ထားတဲ့ အပေါ်ဝတ်လက်ရှည်ကိုဆွဲယူကာ လွယ်အိတ်တစ်ဖက်နဲ့ မပြောမဆိုထထွက်သွားတဲ့ရိပေါ်ကို စီနီယာတစ်ယောက်ကလှမ်းပြောတယ်။

အတတ်နိုင်ဆုံးမြန်မြန်သွားနေတဲ့ရိပေါ်က ပြန်မတုံ့ပြန်။ ကြားတာလည်းဖြစ်နိုင်သလို။ တမင်ပြန်မဖြေတာလည်းဖြစ်နိုင်တယ်။ ဘာလိုပဲဖြစ်ဖြစ် ကလပ်ကလူတွေအတွက်ကိစ္စမရှိဘူး။ ဒီလိုပုံစံကမှ ဝမ်ရိပေါ်မို့လို့။

"ယို့...လီယိုက ထူးထူးဆန်းဆန်း ဖုန်းတွေဘာတွေဆက်..."

"အတန်းပြီးပြီလား"

ဂျွန်ရဲ့စကားအပြီးထိရိပေါ်မစောင့်နိုင်စွာ ဖြတ်မေးလိုက်တယ်။

"အခုတလော...ငါ့ကိုဂရုစိုက်လှချည်လား။ မကြာမကြာငါ့အတန်းချိန်တွေကိုလှမ်းလှမ်းမေးလို့ အဟက်"

ပြောချင်ရာပြောနေတဲ့ဂျွန်ကို ရိပေါ်ကမျက်ဖြူ စိုက်ပြလိုက်ချင်တယ်။

JUST ANOTHER BOY [ Completed ]Where stories live. Discover now