XingHo part only !
Beijing , China
ပြိုင်ပွဲရက်က တဖြည်းဖြည်းနီးကပ်လာတဲ့အခါ ပြင်းထန်တဲ့လေ့ကျင့်မှုအသီးသီးကြောင့် သူတို့တပ်ရင်းလေးဟာ ဟိုတစ်စု၊ သည်တစ်စုနဲ့ အသက်ဝင်လို့နေတယ်၊ တပ်သားတွေအပြင် စစ်လေ့ကျင့်ရေးခွေး အလှပြပွဲတွေရော ပါတာကြောင့် အားလုံးဆူညံပွက်လောရိုက်နေကြတယ်၊
ကွင်းပြင်မှာ အလှပြလေ့ကျင့်နေတဲ့ကြားကနေ စစ်လေ့ကျင့်ရေးခွေးတစ်ကောင်က ရုတ်တရက်ကြီး ဆေးခန်းထဲကို ပြေးဝင်သွားတယ်၊ နောက်က တပ်သားလေးက ထပ်တူလိုက်ပြေးရင်း ဖမ်းပေမဲ့ လျင်မြန်လွန်းတဲ့ အရှိန်ကို မမှီနိုင်..
" ရှန်း! ရှန်း! "
သွက်လက်ချက်ချာနေတဲ့ ရှန်းက ဆေးခန်းအတွင်းကို ကော့တော့ကော့တော့နဲ့ အမြှီးရမ်းဝင်လာပြီး ဒေါက်တာပေါက်စဂျုံဒေး စာကြည့်နေတဲ့ ခုံပေါ်ထိ ဝုန်းခနဲ ခုန် တက်လာတယ်၊
" အိုမား! "
ရုတ်တရက်မို့ အသေးလေးက လန့်ပြီးထအော်တဲ့အခါ အားကိုးရတဲ့ သက်တော်စောင့်ကြီးမင်ဟိုက အနားကိုချက်ချင်းရောက်လာတယ်၊ ဆေးစာရင်းတွေ ပြန်စစ်နေတဲ့ Jackson ကတော့ ပြုံးရင်း လှမ်းအော်တယ်..
" ဘာမှမဖြစ်ဘူး..၊ မကိုက်ဘူး..
ရဲဘော်.. နှုတ်ဆက်လိုက် "
Jackson စကားကို နားလည်ပုံရတဲ့ ရှန်းက သူ့လက်ကို မြှောက်လို့ စစ်သားအပြုအမူဟန်ပန်နဲ့ အလေးပြုနှုတ်ဆက်တယ်၊ အဲ့အချိန်မှ မင်ဟို့နောက်ကျောကနေ ခေါင်းလေးပြူထွက်လာတဲ့ ဂျုံဒေးက ခက်ထန်တဲ့ အမူအယာဖြစ်နေတဲ့ ရှန်းကို အကဲခတ်တယ်၊ Jackson က လက်ထဲက ဖိုင်တွဲကို ဘေးချလိုက်ပြီး သူတို့ဆီ လျှောက်လာတယ်..၊
" ထိကြည့်မလား.. "
" အင်း "
Jackson စကားကြောင့် မျက်လုံးလေးဝိုင်းပြီး ကလေးပီပီ စပ်စုချင်တဲ့ ဂျုံဒေးက အရှေ့ကို တိုးလာတယ်၊
"ဟေး.. ငါတို့သူငယ်ချင်း လုပ်ကြမလား "
" ဝုတ်! "
ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးလာတဲ့ ဂျုံဒေးရဲ့လက်ကို လက်ဆွဲနှုတ်ဆက်တဲ့ဟန် ထိကိုင်လိုက်တဲ့ ရှန်းကြောင့် ဒေါက်တာပေါက်စက ကြောက်စိတ်ကင်းစင်သွားဟန်နဲ့ သဘောတကျရယ်တယ်၊ မင်ဟိုကတော့ ဂျုံဒေးခေါင်းလေးကို ပွတ်ပေးရင်း အဖေကြီးတစ်ယောက်လို ပီတိဖြာပြီး ပြုံးတယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...