Part - {5}

5.5K 663 20
                                    

ကိုယ်ကာယစစ်ဆေးတာကတော့ အဆင်ပြေပြေ ပြီးသွားတယ်။ အရပ်နဲ့ ကိုယ်အလေးချိန်တိုင်းတာတွေ စသည်စသည်တို့ ပြီးသွားတော့ ကွင်းကိုပတ်ပြေးဖို့ အပတ်ရေအနည်းငယ်ပဲ ကျန်တော့မယ်။ ကံကောင်းလို့ လက်ကောက်ဝတ်ကနေ အားစိုက်ရတဲ့ အရာတွေ မဟုတ်တာ။ အီဗန် ဘယ်အချိန် ဘယ်နေရာ ထိခိုက်နိုင်တယ်ဆိုတာ မသိနိုင်တော့ ကျွန်တော့်မှာ အီဗန့်ကို အရိပ်တကြည့်ကြည့်နဲ့။ သူ့ခန္ဓာသေးသေးလေးက သူများတွေဆီကနေ ကာကွယ်တတ်တဲ့ အကျင့်ရှိပေမဲ့ အခြားကျောင်းသားတွေက လာလာဝင်တိုက်နေတယ်။ အဲ့တော့ အီဗန့်မှာ ပိုပြီး ယိမ်းယိုင်နေတာပဲ။ တကယ်ကို အန္တရာယ်များတယ်။

"ရေသောက်အုန်းမလား?"

သူ့ကို ကာကွယ်တဲ့အနေနဲ့ သူ့ဘေးကို ပြေးသွားလိုက်တယ်။ ကျွန်တော်ဖြတ်ဝင်လာတော့ အီဗန်ကို ဝင်ဝင်တိုက်နေတဲ့ လူတွေအကုန်လုံး တစ်ခါတည်း ရှောင်ပြေးကြတယ်။ သူ့ကိုဝင်တိုက်တဲ့လူတွေကို ကျွန်တော့်ကိုယ်ကြီးနဲ့ ပြန်တိုက်ပစ်တယ်။ အရမ်းကြီးတော့ မဟုတ်ဘူးပေါ့။

"မင်းပြေးလို့ ‌ပြီးသွားပြီလား ဟေးလ်?"

"အင်း ဟို... အဲ့လောက်က..."

ကျွန်တော် အကွာအဝေးတစ်ခုထိ ပြေးခဲ့ပေမဲ့ ခံနိုင်ရည်က အေးဆေးပဲ။ ကျွန်တော် ချွေးအများကြီး ထွက်နေတာတော့ မုန်းပေမဲ့ နေလို့ကောင်းတယ်။

"ဟင်း...ပူလိုက်တာ နော်?"

ချွေးတွေက ကျွန်တော့် လည်ပင်းထက်ကနေ ရင်ဘတ်ကြွက်သားတွေရဲ့ အောက်ဖက်အထိ ကျဆင်းလာတယ်။ ကျွန်တော့်ရဲ့ အားကစားဝတ်စုံကို နည်းနည်းခါလိုက်တယ်။ ကျွန်တော့်ကိုယ်က အဝတ်တစ်ခုခုကပ်နေလို့ ခွာလိုက်ရင် အမြဲအေးသွားတတ်တယ်။ အရှေ့ကို ကျလာတဲ့ ငွေရောင်ဆံပင်တွေကိုလည်း ရှုပ်နေလို့ အပေါ်ပြန်သပ်တင်လိုက်တယ်။ အဝေးတစ်နေရာမှာတော့ ကာမန်က ကွင်းထဲက သဲပြင်ပေါ် လှဲနေတယ်။ သူ့ကြည့်ရတာ သေတော့မလိုပဲ။
(T/N : ကိုကြီးဟေးလ်ကတော့ ပေါက်စကွေးနားသွားပြီး ချွေးစက်ခါလိုက် ဆံပင်သပ်တင်လိုက်နဲ့ မြူစွယ်နေမိပုံများဗျာ ရင်လေးတယ် ^^)

ကျွန်တော့်ရဲ့ အထက်ပုဂ္ဂိုလ်type ကိုယ်ခန္ဓာကြီးကြောင့်သာ မဟုတ်ရင် ကာမန်နဲ့အတူ သဲပြင်ပေါ် လှဲနေရလောက်ပြီ။ ချွေးတရွှဲရွှဲနဲ့ကိုယ်ပေါ်ကို သဲမှုန်တွေက လာကပ်မယ်။ အာ့။ အဲ့အကြောင်း စဉ်းတောင် မစဉ်းစားချင်ဘူး။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ