Epi <44> - The truth

2.6K 117 0
                                    

[Unicode]

11Yrs ago ...

ထယ်ယောင်းလေး ပြန်အလာစားဖို့ ဟုန်းအာ မီးဖိုချောင်ထဲ
စတော်ဘယ်ရီကိတ်မုန့်လုပ်ဖို့ ပြင်ဆင်နေချိန် ခြံတံခါးက
အလန့်တကြားပွင့်လာပြီး ဆိုရာ ဆိုသည့်အမျိုးသမီး
ဝင်လာသည် ။

" ဟုန်း ဟုန်းအာ ငါ ငါ ဘယ်လိုလုပ်ရမလဲ "

တုန်တုန်ရီရီနဲ့ စကားလာပြောတဲ့ သူငယ်ချင်းဖြစ်သူ ။
မဟုတ်ဘူး သူငယ်ချင်းဆိုတာထက် သူမကျေးဇူးရှင်လေ ။
သားလေးအတွက်လုပ်လက်စ ကိတ်မုန့်လေးကိုဘေးချရင်း
ကင်မ်ဟုန်းအာ ဆိုရာ ရဲ့ဘေးသွားထိုင်မိသည် ။

" ဆိုရာ အာ ... မမေလး ဘာများဖြစ်လာလို့ပါလဲ "

" ငါ ငါလူတစ်ယောက်ကိုသတ်ခဲ့မိပြီ ကယ် ကယ်ပါဦး
ဟုန်းအာ ကျေးဇူးပြုပြီး "

" ရှင် ... "

Apron နဲ့ထိုင်နေတဲ့ ဟုန်းအာ ရှေ့မှာ ဒူးထောက်ပြီး
ဂနာမငြိမ်ဖြစ်နေတဲ့သူမကိုကြည့်ကာ အံ့ဩနေမိ၏ ။
မမလေးဆိုရာဒီလိုပျက်စီးနေတာ ကြားဖူးပေမယ့် ဒီလောက်အထိလို့မထင်ခဲ့ပါ ။ တုန်ရီနေတဲ့ကိုယ်ခန္ဓာနဲ့အတူ
အသိစိတ်မရှိသလို ခြောက်ခြားဖွယ်ပုံစံ ။ ကြားလိုက်ရတဲ့
စကားသံကပိုလို့တောင် အံ့ဩစေသည် ။ လူသတ်တယ်တဲ့လား ... ။

ဟုန်းအာ ချက်ချင်း လက်သည်းအနက်ရောက်ဆိုးထားတဲ့
သူမလက်တွေကိုကိုင်ကာ ထခိုင်းလိုက်သည် ။

" မမေလး ဘာဖြစ်တာလဲအရင်ရှင်းပြပါဦး "

" ငါ ငါနင့်ကို ပိုက်ဆံတွေအကုန်ပေးဆိုလည်းပေးပါ့မယ်
နင် ငါ့ကိုကယ်ပါ "

" ရှင် ဘာပြောနေတာလဲမသိပေမယ့် "

" ငါ့သူငယ်ချင်း နင့်ယောက်ျားရဲ့မျက်နှာကိုပဲဖြစ်ဖြစ်
ဖေဖေ့မျက်နှာကိုပဲထောက်ပြီး ငါ့ကိုကူညီပါ ဟုန်းအာရယ်
ငါတောင်းပန်ပါတယ် နင်ငါ့အစား - "

သူမရဲ့စကားတွေမပြီးသေး မိမိလက်ကိုဆုပ်ကိုင်ထားတဲ့
ထိုလက်ချောင်းသွယ်သွယ်တို့အား ဟုန်းအာ ကြောက်ရွံ့စွာ
ပုတ်ထုပ်လိုက်သည် ။

" အခု ကျမကိုဘယ်လိုလုပ်စေချင်တာလဲ
မမေလးသတ္တာ မမ‌လေးပဲအပြစ်ခံယူပါ ဒီလိုမျိုးက - "

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now