Your Life My Life Our Life [04]

307 37 15
                                    

ဆောင်းဦးရာသီ၌တွေ့ရတတ်သော ကြွပ်ကြွပ်ရွရွရွက်ကြွေလေးများနှင့် နွေဦးရာသီ၌တွေ့မြင်နိုင်လေသော စိမ်းစိမ်မြမြရွက်နုငယ်များမှာ မည်သည်ဟာ ကနဦးဖြစ်တည်မှုပါဟု ခွဲခြားမသိနိုင်သကဲ့သို့ ကလေးငယ်ဟာလည်း ရွက်ကြွေလေးများလို ညှိုးကျသွားလေသည်လား ရွက်သစ်ဦးလို သစ်လန်းလာသည်လား ကျွန်တော့်တွင် ခွဲခြားနိုင်ရန် အတွေးအမှုမရှိလေတော့။

လွတ်လပ်ပေါ့ပါးသောဂျင်းဘောင်းဘီအနက်ရောင်လေးများမှသည် ကြပ်ကြပ်ထုတ်ထုတ်ဂျင်းဘောင်းဘီအရောင်ဖျော့ဖျော့များသို့ ပြောင်းလဲဝတ်ဆင်ခြင်းသည်လည်းကောင်း ခေါင်းစွပ်အနွေးထည်ထူထူလေးများမှ ခေတ်ဆန်ကာ တိုပြတ်ပေါ်ရော်လွန်းသော အင်္ကျီများအား ဝတ်ဆင်မှုများပြားလာခြင်းသည်လည်းကောင်း .... လ၏ဆွဲငင်မှုတွင်ကြွတက်လာပါသော ဒီရေလှိုင်းများ၏ မြင့်မားမှုနှုန်းဖြင့် စိုးရိမ်စိတ်တို့ဟာ တရိပ်ရိပ်ထိုးတက်လာပါ‌စေပါသည်။

" daddy သား အပြင်သွားလိုက်ဦးမယ် "

တိုတောင်းပြတ်သားသောစကားအရာဟာ နူးညံ့ခြင်းအလျဉ်းမရှိ။

" ဘယ်ကိုလဲ Kamal "

တစ်ခါမျှမမေးမြန်းဖူးသောစကားကြောင့် ကလေးငယ်ဟာ ထူးဆန်းသယောင်ခပ်စိမ်းစိမ်းကြည့်သည်။

" အပြင်လေ "

" နေရာအတိအကျပြော "

" Daddy မသိလည်းရပါတယ် "

တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံထားရသော လက်ကောက်ဝတ်ကို အခြားလက်တစ်ဖက်ဖြင့်ဆွဲဖြုတ်ကာ သူစိမ်းဆန်သောစကားကို ခပ်ပေါ့ပေါ့ဆို၏။

" မင်းကိုယ်မင်းလူကြီးဖြစ်နေပြီလို့ထင်နေတာလား Kamal "

ခြေလှမ်းလှလှများဟာ တုန့်ခနဲရပ်တန့်သွားလျှင် ကျွန်တော် ကြည်ကြည်ဖြူဖြူပြုံးမိသည်။ အနည်းဆုံး အပြစ်မဟုတ်သောအပြစ်များကို ဝန်ချကာတောင်းပန်လောက်ပါရဲ့။

" ကလေးလည်းမဟုတ်ဘူးလေ Daddy "

ထင်မထားမိသောစကားကြောင့် မျက်နှာတစ်ချက်ပျက်သွားမိသော်လည်း...

" အဲ့ဒါတွေက မင်းအသက်နဲ့တရားမဝင်သေးဘူး Kamal ... Daddy စကားကိုဘာလို့နားမထောင်ချင်ရတာလဲ "

𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞 𝐌𝐲 𝐋𝐢𝐟𝐞 𝐎𝐮𝐫 𝐋𝐢𝐟𝐞 Donde viven las historias. Descúbrelo ahora