𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑷𝒆𝒓𝒔𝒐𝒏...

1.5K 136 70
                                    

Unicode:

ကျွန်တော့်ဘဝမှာအချစ်ရဆုံးကမိသားစုပြီးရင်မောင်ပါပဲ...

မောင်ဟာကျွန်တော်ရဲ့ဒုတိယမိသားစုလေးပါကျွန်တော်တက္ကသိုလ်ဒုတိယနှစ်မှာမိဘတွေကကားမှောက်ပြီးဆုံးသွားခဲ့တယ်လေ...

အဲ့အချိန်ကစပြီးကျွန်တော်မှာအချိန်အပိုင်းတွေလုပ်ပြီးကျောင်းဆက်တက်ခဲ့ရတယ်ဘွဲ့ရတဲ့အထိကျွန်တော်အဲ့လိုရုံးကန်ပြီးကျောင်းတက်နေရတဲ့အချိန်မှာကျွန်တော်ကိုခင်ပါတယ်ချစ်ပါတယ်ပြောနေတဲ့သူငယ်ချင်းတွေအနားမှာတယောက်မှာမရှိတော့ဘူး...

လိုချင်တာရှိတဲ့အခါမှသာကျွန်တော်နားကပ်နေတဲ့သူငယ်ချင်းတွေကလဲမိဘတွေဆုံးပါးသွားတော့လုပ်ငန်းတွေလဲရပ်တန့်သွားပြီးအနားမှာမရှိကြတော့ဘူး...

အချိန်ပိုင်းအလုပ်တွေလုပ်ရတော့ပင်ပန်းပြီးကျောင်းမှာဖျားနေရင်တောင်ဆေးဝယ်ပေးဖို့နေနေသာသာအဆင်ပြေလားလို့တောင်တစ်ခွန်းလာမမေးကြဘူးအဲ့အချိန်ကစပြီးကျွန်တော်တယောက်ထဲအထီးကျန်စွာနေခဲ့ရတယ်...

ဘွဲ့ရပြီးတဲ့အချိန်မှာတော့နာမည်ကြီးJeon companyမှာအလုပ်ဝင်ခဲ့တယ်Jeon ceoရဲ့အတွင်းရေးမှုးနေရာရခဲ့တယ်လေceoရဲ့အတွင်းရေးမှုးဆိုတော့ကြောက်နေခဲ့တယ်ceoကအသက်ကြီးပြီးဇီဇာများကြောင်းမလားလို့လေလူပျိုကြီးဆိုတော့တကယ်တမ်းလက်တွေ့ကျတော့ကျွန်တော်ထက်အသက်ငယ်ပြီးသဘောကောင်းတဲ့ceoလေးဖြစ်နေတယ်လေ...

အမှန်တိုင်းပြောရရင်တွေ့တွေ့ချင်းမှာပဲရင်ခုန်ခဲ့တာပေါ့ဒါပေမဲ့သူဌေးနဲ့အလုပ်သမားဆိုတဲ့အတွေးကဝင်လာတော့မဖြစ်နိုင်ပါဘူးဆိုပြီးရင်ခုန်သံတွေကိုမသိကျေးကျွန်ပြုခဲ့လိုက်တယ်

မောင်ကလေတနည်းအားဖြင့်ceoလေးကပေါ့
ပထမဦးဆုံးအလုပ်စဝင်တဲ့နေ့မှာတင်ကျွန်တော်တို့တယောက်နဲ့တယောက်ခင်ခဲ့တယ်ရင်းနှီးခဲ့တယ်ဒါပေမဲ့တချိန်ကကျွန်တော်တွေ့ခဲ့တဲ့သူတွေလိုကျွန်တော်အပေါ်အပေါ်ယံခင်မင်မှုတွေနဲ့တယောက်ထဲကျန်ခဲ့မှာကိုတွေးပြီးကြောက်နေခဲ့တယ်...

အဲ့ကတည်းကမောင်နဲ့အဝေးဆုံးမှာနေမယ်ရှောင်နေမယ်လို့တွေးခဲ့တယ်တကယ်တမ်းကျတော့ကျွန်တော်အဲ့လိုမလုပ်နိုင်ခဲ့ဘူးမောင်နဲ့တဖြည်းဖြည်းခင်လာရင်းမောင်ကကျွန်တော့်အပေါ်ဂရုစိုက်မှုတွေပေးတယ်ကြင်နာမှုတွေပေးတယ်ကျွန်တော့်ကိုအလုပ်ပြန်ရင်လဲလိုက်ပို့တယ်ကျွန်တော်မရခဲ့တဲ့အရာတွေကိုမောင်ကပေးတယ်လေကျွန်တော်ကြုံခဲ့တာတွေကိုလဲမောင့်ကိုပြောပြခဲ့တော့မောင်ကပိုရုစိုက်ပြီးမရခဲ့တဲ့အရာတွေကိုလဲအကုန်ဖြည့်စည်းပေးပါမယ်တဲ့လေအဲ့တုန်းကလေတွေးမိတယ်သာမာန်ခင်မင်သူတွေကြားမှာအဲ့လိုလုပ်ပေးနိုင်တဲ့သူရှိလို့လားပေါ့

𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑷𝒆𝒓𝒔𝒐𝒏Where stories live. Discover now