Title-Blind
Main leads-Kim SeokJin
-Youစနေ့မနက်ခင်းတစ်ခုတွင် ဒိုယောင်းရပ်ကွက် ပန်းခြံလေးတစ်ခု၌ အားကစားဝတ်စုံလေးဖြင့် ပြေးနေတဲ့သူမ။
ခုံတန်းရှည်လေးတစ်ခုရှေ့အရောက်တွင် ရပ်လိုက်ပြီး ဒူးပေါ်လက်တင်ကာ အမောဖြေလိုက်သည်။
နဖူးပေါ်ရှိ ချွေးများကိုလက်ဖမိုးဖြင့်သုတ်ပြီး လက်ပတ်နာရီကိုကြည့်တော့ ၇နာရီတဲ့။
"ဟူး.....ရုံးနောက်မကျခင်ပြန်ရမယ်"
ဤသို့ရေရွတ်ကာ ပန်းခြံထဲမှထွက်လာခဲ့တဲ့သူမ... တစ်နေရာတွင်ရပ်ကြည့်နေသောသူတစ်ယောက်အားမမြင်လိုက်ပေ။
~~💖~~
ညနေ၆နာရီ။
သူမတစ်ယောက်ဖိုင်တွဲများကိုင်ကာ အိမ်ပြန်လာခဲ့သည်။
ဒိုယောင်းရပ်ကွက်သည် တောင်စောင်းများတွင် အိမ်လေးများဆောက်ထားသောရပ်ကွက်ဖြစ်သည်။
(A/N မျက်စိထဲမမြင်မှာစိုးလို့ Media မှာပုံလေးပြထားတယ်)
များစွာသောလှေကားထစ်များအား ပင်ပန်းနွမ်းနယ်စွာတက်နေရင်း လူတစ်ယောက်နှင့်ဝင်တိုက်မိသွားသည်။
"အာ့...."
လက်ထဲမှဖိုင်များလွတ်ကျသွားတာကြောင့် စိတ်ဆိုး မာန်ဆိုးဖြင့် တိုက်မိသွားသည့်လူကိုလှည့်ကြည့်လိုက်မိသည်။
*ဘာလဲဟ ဒီလူက? မိုးဖြင့်ချုပ်တော့မယ်နေကာမျက်မှန်ကြီးနဲ့*
သူမအတွေးစတို့မှာ ထိုလူ့စကားကြောင့်ပြတ်တောက်သွားခဲ့သည်။
"တောင်း... တောင်းပန်ပါတယ်.... ကျွန်တော်မမြင်လို့ပါ..."
လက်ကလည်း လှေကားလက်ရန်းကို မမြင်မစမ်းနှင့်လှမ်းကာစမ်းနေသောသူ။
*သူက... မျက်စိမမြင်တာလား?*
"ဟို....ဒီက အကိုရရဲ့လား?"
ESTÁS LEYENDO
✯𝑷𝒖𝒓𝒑𝒍𝒆 𝑯𝒆𝒂𝒓𝒕𝒔✯BTS Oneshot Collection
FanficBTS 💜 ARMY Myanmar Fanfiction Zawgyi and Unicode For Purple Ladies who love our seven angles. ခရမ်းရောင်လွှမ်းသော နှလုံးသားသည် ခရမ်းရောင်အချစ်ဖြင့်ချစ်မိခဲ့သည်။ ဤခရမ်းရောင်နှလုံးသားသည်လည်း ဤနတ်သားလေး ခုနှစ်ဖော်ကြောင့် ရှင်သန်ခဲ့သည်။ ခရမ်းရောင်လွှမ်...