Section 7.2 [22]

149 37 0
                                    

Unicode

Chapter 22

@လီမွန် : live က ဒီည၈နာရီနော် [meow meow]

မကြာမီမှာပင် ကြေငြာချက်postကို ထုတ်ပြန်လေပြီ။ စစ်သည်အားလုံးဟာ expression pack တွေနှင့်အတူတူ တိုက်ခိုက်ဖို့ရာ အပြေးအလွှားဖြစ်နေခဲ့ကြပြီ။

- @ပရိတ်သတ် A : သစ်ပင်တက်နေတဲ့ကြောင်လေး အသင့်ဖြစ်ပါပြီ။ [ဖေဖေကတောင်ကိုနှစ်သက်တယ်.gif]

- @ပရိတ်သတ် B : ငါမနက်၈နာရီကတည်းက ရှိနေတာ ည၈နာရီထိုးတဲ့အထိ အသံလွှင့်တာ မစသေးဘူးဆိုတာ မင်းငါ့ကိုပြောလို့လား။ [စိတ်ဆိုး၍ပါးလေးဖောင်းနေသည့်ငါး.gif ]

- @ပရိတ်သတ် C : ♂ room မှာPorn Anchor ဒီညရှိလား [ဖေဖေကအဲဒါလုပ်ဖို့ရှေ့ကိုကြည်နေတယ်.gif]

ညစ်ပတ်သည့်ကွန်မန့်များဖြင့် ၀ရုန်းသုန်းကားဖြစ်နေသည့်ကြား လင်းမုန့်ဟာ မမျှော်လင့်ဘဲသန့်ရှင်းသည့် နေရာလေးတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။

၎င်းဟာ လီမွန်သီး၏ ကြီးမားသော Q-version* ပုံများဖြစ်ပြီး real-life ၏ expression pack များအကြား အထူးပင်လန်းဆန်းစေသည်။

//Q-version : chibi style //

- @လီမွန် : ဝိုး!!! အရမ်းချစ်ဖို့ကောင်းတယ်ကွ။ မင်းဘာသာဆွဲထားတာလား။

- @ပျံသန်းနေသည့်၀က်ဝံလေး : အင်း လီမွန်ဖေဖေသဘောကျလား ငါထပ်ပြီးဆွဲပေးမယ်လေ။

သည်နောက်မှာ အတော်အတန်ကြီးမားသော လီမွန်သီးပုံများကို လင်းမုန့်တစ်ယောက် ဆွတ်ခူး(ရရှိ)ခဲ့ပါလေသည်။ တစ်ယောက်ဟာ စိတ်လိုလက်ရ ပုံတွေဆွဲသားနေပြီး ကျန်တစ်ယောက် ကတော့ သူ့အစွယ်တွေနဲ့ဟန်ရေးပြ*နေလေသည်။

//အစွယ်တွေနဲ့ဟန်ရေးပြ : သွားအဖြီးသားနဲ့ရယ်ပြနေတဲ့ expression //

ထိုပုံများကို သူ့ရဲ့ Penguin Weibo appမှ avatorများနေရာတွင် အစားထိုးလိုက်သည်။ ပြီးနောက် ပြန်လာကာ ပျံသန်းနေသော၀က်ဝံကလေးကို သူ့အဖွဲ့၏အိမ်တော်ထိန်းရာထူးပေးလိုက်သည်။

အလွန်ကြီးမားသည့် လီမွန်သီးပုံ avatarနှင့် streaming လုပ်နေသည့် လင်းမုန့်တစ်ယောက် အသံလွှင့်ခန်းတွင် သရက်သီးပုံကြီးဖြင့် လွန်စွာတောက်ပနေသည့် မင်းဂွတ်သီးနတ်ဘုရား၏ avator ကိုမမြင်ခင်အထိ စိတ်အခြေနေကောင်းနေခဲ့သည်။

ငါတို့ကောင်တွေဂိမ်းကစားတာတော်တယ်(ဘာသာပြန်)Where stories live. Discover now