11 (U)

488 31 0
                                    

"ကိုနေ,လရောင်အရမ်းကြောက်နေတယ်။"

မနက်ဖြန်ဆို ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကိုဖြေဆိုကြရတော့မည်လေ။
အခု ည၁၁နာရီထိုးပြီဖြစ်သည့်တိုင် စာတွေအားလုံးရနေလျှက်နဲ့ လရောင်လေးက ဘာတွေကြောက်နေသည်မသိပါဘူး။
ပြောသာပြောရတာပါ။
ကျွန်တော်လည်း နည်းနည်းတော့စိုးရိမ်တယ်ဗျ။
လရောင်လေးနဲ့ကျောင်းအတူတူမတက်နိုင်မှာကို တကယ်စိုးရိမ်တယ်။
လရောင်လေးက စာတော်တယ်ဗျ။
ကျွန်တော်ကလည်း စာလိုက်နိုင်တယ်ဆိုပေမယ့် လရောင်လေးလောက်တော့ မတော်ဘူး။
ဒါ့ကြောင့် ကံမတော်လို့များ ကျွန်တော်အမှတ်နည်းသွားပြီး လရောင်လေးနဲ့ ကျောင်းအတူမတက်နိုင်မှာကို ကျွန်တော်တကယ်စိုးရိမ်မိသည်။
ဒါပေမယ့် အခုလောလောဆယ်တော့ ကျွန်တော့်ထပ်ပိုပြီးစိုးရိမ်ကြီးနေတဲ့ လရောင်လေးကို ကျွန်တော်ဖျောင်းဖျပေးရဦးမည်။

"လရောင်လေးကလည်း ဘာကြောက်စရာလိုသလဲ။ကိုနေ့ကို ကြည့်ပါဦး။"

ကျွန်တော်,လရောင်လေးမျက်နှာအား လက်နှစ်ဖက်ဖြင့်ဖွဖွအုပ်ကိုင်ပြီး ကျွန်တော့်ဘက်လှည့်လိုက်ပြီးလျှင်…

"ကိုနေ့ရဲ့ကလေးလေးက အရမ်းတော်တာလေ။ကိုနေ့ရဲ့လရောင်လေးက စာတွေကိုပိုင်ပိုင်နိုင်နိုင်ရနေပြီမို့ ဘာမှစိတ်ပူစရာမလိုဘူးနော်။လရောင်လေးအကောင်းဆုံးလုပ်နိုင်မယ်လို့ ကိုနေယုံကြည်တယ်။စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးပဲထား။အားလုံးအဆင်ပြေသွားမှာပါ။"

ကျွန်တော်ပြောနေသည်များကို မျက်လုံးလေးပေကလက်၊ပေကလက်ဖြင့် ခေါင်းတငြိမ့်ငြိမ့်နားထောင်နေသည့် ကျွန်တော့်ရဲ့လရောင်လေးအား အသည်းယားလွန်း၍ ခေါင်းကိုအသာဖွပေးမိသည်။
ကျွန်တော့်ရဲ့ကလေးလေးဟာလေ အသက်သာကြီးလာတယ်။ကျွန်တော့်မျက်စိထဲမှာတော့ တကယ့်ကလေးလေးအတိုင်းပါပဲ။

ည၁၂နာရီတီးလို့ အိပ်ကြတော့မယ်ဆိုပြန်တော့လည်း အကြာကြီးပဲဘုရားရှိခိုးနေလိုက်တာ။
ဘာတွေများဒီလောက်ဆုတောင်းနေရသည်မသိ။
လှုပ်လှုပ်ရွရွလေးဖြစ်နေတဲ့ လရောင်လေးရဲ့နှုတ်ခမ်းလေးအားအကြည့်ရောက်မိတော့ အခွင့်အရေးရတိုင်း ကျွန်တော်ညာညာပြီးနမ်းနေခဲ့တာတွေကို သတိရမိသည်။
တစ်ခါတလေများ အရှိန်လွန်သွားခဲ့ရင် လရောင်လေးမှာ နှုတ်ခမ်းတွေပေါက်ရသည်အထိပဲ။
အဲ့အခါဆိုရင်တော့ ငိုမဲ့မဲ့လေးဖြစ်သွားတဲ့လရောင်လေးအား အတော်ချော့ရပါတော့သည်။
လူကြီးတွေကမေးရင်လည်း လရောင်လေးမှာ လိမ်ညာဖြေပေးနေရတာ။
တကယ်တမ်းဝန်ခံရရင် လရောင်လေးအားဒီလိုနမ်းရတာကို ကျွန်တော်တကယ်နှစ်ခြိုက်သည်။သကြားလုံးလေးလို အမြဲချိုနေတတ်တဲ့ လရောင်လေးနှုတ်ခမ်းပါးလေးအား ပထမဦးဆုံးအကြိမ်ထိတွေ့မိပြီးကတည်းက စွဲလမ်းသွားခဲ့ရတာ။ဒါ့ကြောင့်လည်း လူကြီးတွေလစ်ရင်လစ်သလို၊လရောင်လေးအားချော့လို့ရရင်ရသလို အမြဲညာပြီးနမ်းနေခဲ့ရတာပေါ့။
ကျွန်တော့်အနမ်းတွေကြား ပျော်ဝင်သွားပြီးစိတ်လွတ်လက်လွတ်ဖြစ်သွားတဲ့ လရောင်လေးရဲ့ပုံစံကိုကျွန်တော်တကယ် ကျေနပ်မိသည်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Место, где живут истории. Откройте их для себя