ဒီနေ့ တက္ကသိုလ်စတက်ရတဲ့ ပထမဦးဆုံးနေ့…
ကျောင်းတော်ကြီးရဲ့ မျက်နှာစာမှာတွေ့နေရတဲ့ စီးပွားရေးတက္ကသိုလ်(မုံရွာ)ဆိုတဲ့ ကမ္ဗည်းစာတမ်းက ကိုနေနဲ့အတူစက်ဘီးပတ်စီးခဲ့စဉ်က လရောင်ကြီးရင် ဒီတက္ကသိုလ်ကြီးကို ကိုနေနဲ့အတူတူတက်ချင်တယ်လို့ပြောခဲ့တဲ့အတိတ်တွေကို လှောင်ပြောင်နေသလို။
ကျောင်းဝန်းထဲကို ခြေချလိုက်တယ်ဆိုရင်ပဲ မျက်ရည်ကြည်တို့က ရစ်ဝဲ၍လာသည်။
အခုတော့ ကိုနေက ကတိဖျက်သွားခဲ့ပြီလား။ကိုနေရေ...လရောင်လေ ကိုနေ့ကို သိပ်သတိရတာပဲ။တစ်နေ့မှမေ့မရခဲ့သလို တစ်ခဏမျှမှတောင် မမေ့ဖျောက်နိုင်သေးဘူး။
ဒါဟာ စွဲလမ်းမှုလား။အစွဲအလမ်းကြီးတာလား။
စံပယ်နဲ့မြတ်သူကလည်းနည်းပညာတက္ကသိုလ်ကိုတက်ကြတော့ အခုကျောင်းတော်ကြီးမှာ လရောင်တစ်ယောက်ထဲ ယောင်လည်လည်ဖြစ်နေတယ် ကိုနေရယ်။အခန်းထဲမှာလည်း ကျောင်းသားတိုင်းလိုလိုက လရောင်ထက်လူကောင်ကြီးကြီးတွေပဲဆိုတော့ လရောင်သူတို့နဲ့သွားမထိုင်ရဲဘူး။လရောင်ကြောက်တယ်။အရင်က လရောင်လေးကိုအနိုင်ကျင့်ရင် ကိုနေ့ကိုလာပြောနော်ဆိုတဲ့ ကိုနေကအခုတော့ လရောင်ကိုမေ့နေလောက်ရောပေါ့။နေရာအသစ်မှာ သူငယ်ချင်းအသစ်တွေနဲ့ နေသားကျနေလောက်ရောပေါ့။ပထမဦးဆုံးကျောင်းစဖွင့်တဲ့နေ့မို့ ဆရာတွေလည်း အတန်းမဝင်ပေးကြတာကြောင့် ရှေ့ဆုံးအတန်းလေးမှည တစ်ယောက်ထဲအထီးကျန်စွာ ငူငူလေးထိုင်နေမိသည်။
ဒီဇင်ဘာလရဲ့ ဆောင်းလေအေးလေးတိုက်ခက်ချိန် လေတိုးသံတွေကအစ ကိုနေရဲ့ လရောင်လေးလို့ခေါ်သံတွေဖြစ်နေသည်ထင်ပါရဲ့။ကိုနေ့ရဲ့ "လရောင်လေး"လို့ခေါ်လိုက်တဲ့ ခပ်ဩဩ၊ခပ်ရှရှ အသံတစ်ခုကို ကြားလိုက်ရသည်။အသံလာရာ စူးစမ်းရှာမိတော့ အသံတင်ဘယ်ကမလဲ လူကိုယ်လုံးကြီးကိုပါ မြင်ယောင်နေမိတာပဲ။ကျွန်တော့်ဆီကို တည့်တည့်မတ်မတ်ကြီးလာနေတဲ့ ကိုနေ...
ကျွန်တော် ကိုနေ့ကို အစွဲအလမ်းကြီးလွန်းလို့ ရူးသွားပြီထင်ပါရဲ့။နေရာတိုင်းမှာ ကိုနေ့ကိုသာ မြင်ယောင်နေမိတယ်။အရင်က အိမ်မှာမို့ ကိုနေ,လှုပ်ရှားခဲ့ဖူးတဲ့ အရိပ်အယောင်လေးတွေမြင်ယောင်မိခဲ့တာ။အခု ကျောင်းဆောင်ပေါ်ထိမြင်ယောင်ရလောက်အောင်ထိတော့ အစွဲအလမ်းကြီးလိမ့်မယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ထင်မထားခဲ့မိဘူး။
လရောင်တော့ ရူးတော့မယ်ထင်ပါတယ် ကိုနေရယ်။
ESTÁS LEYENDO
ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED