22 (U)

528 27 0
                                    

🎶လွမ်း…
ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း🎶

ဒီအတောအတွင်း ကျွန်တော့်နှုတ်ဖျားက အမြဲရေရွတ်နေမိခဲ့တဲ့ သီချင်းစာသားလေး။ဦးခင်မောင်တိုးရဲ့ လွမ်းဆိုတဲ့ ဒီသီချင်းလေးကိုကြားမိတိုင်း မျက်ရည်ကြည်တို့က ရစ်သိုင်း၍လာရသည်။လူက မန္တလေးကိုရောက်နေရပေမယ့် ကျွန်တော့်ရဲ့နှလုံးသားတစ်ခုလုံးက မုံရွာမှာကျန်ရစ်ခဲ့ရတာလေ။ဒီအချိန်ဆို လရောင်လေးဘာများလုပ်နေမလဲ၊နေမှကောင်းရဲ့လား၊ဒီကလေးလေးကစိတ်ခံစားလွယ်၊ထိရှလွယ်လေးမို့ တစ်နေ့တစ်ရက်မှစိတ်ဖြောင့်ဖြောင့်နဲ့မေ့ထားလို့မရနိုင်ခဲ့ပါဘူး။
ပထမဦးဆုံးတွေ့ဆုံခဲ့ရတဲ့ နွေရာသီက လှပခဲ့သလောက် ခွဲခွာရတဲ့ နွေရာသီအချိန်ကတော့ သိပ်ကိုအထီးကျန်ဆန်ခြောက်သွေ့လွန်းနေသည်။

မန္တလေးရဲ့နွေရာသီ…
အရိုးပြိုင်းပြိုင်းပင်အိုကြီးတွေက အလွမ်းဓာတ်ခံရှိသူကျွန်တော့်အား လွမ်းအားတွေတိုးစေခဲ့သည်။ရွက်ဝါဟောင်းလေးတွေများကြွေ၍ လေပေါ်ပြေးလွှားလွင့်စင်နေခိုက် နွေရာသီကျောင်းပိတ်ရက်တွေမှာ လရောင်လေးနဲ့အတူ ဆော့ကစားခဲ့တဲ့ ပုံရိပ်လေးတွေကို သတိရလွမ်းဆွတ်လိုက်ရတာ။နွေဦးမှာပွင့်ဖူးတတ်တဲ့ ကံ့ကော်ပန်းလေးတွေကိုမြင်ရင် ကံ့ကော်ပန်းကိုချစ်ပေမယ့် ကံ့ကော်ပန်းအနားမှာရသ်ဝဲနေတတ်တဲ့ပျားကောင်းကြီးတွေကိုကြောက်တယ်ဆိုတဲ့ လရောင်လေးကိုပြေးမြင်မိရပြန်ပါတယ်။ရေခဲမုန့်ကြိုက်တတ်တဲ့ လရောင်လေးက အခုလို ပူပြင်းလှတဲ့နွေရာသီမှာ ရေခဲမုန့်တွေဘယ်လောက်စားနေလိမ့်မလဲ။ရေခဲမုန့်တွေအလွန်အကျွံစားပြီး ချောင်းတွေများဆိုးနေလေမလား၊ထိရှလွယ်သူလေးမို့ အပူမိပြီး နေမကောင်းများဖြစ်နေလေမလား အမျိုးမျိုးစိုးရိမ်ပူပန်ခဲ့ရပါသေးတယ်။

မိုးရာသီ ဝသန်ဓာတ်…
ရှစ်ခွင်တိုက်နယ်မှာ မိုးတိမ်တိုက်များ အုံ့ဆိုင်း၍နေချိန် အနယ်မထိုင်သေးတဲ့ အလွမ်းအဆွေးတွေက ဝရုံးသုံးကားထကြွလာရပြန်သည်။
အိပ်ခန်းရဲ့ ပြတင်းပေါက်လေးမှသည် မိုးစက်၊မိုးပေါက်ကလေးတွေကို ငေးကြည့်ရသည့်အဖြစ်က ယောက်ျားရင့်မာကြီးတစ်ယောက်ပင်လျှင် မျက်ရည်ကျလုမတက်အလွမ်းပိုစေပါတယ်။လျှပ်စီးလတ်လို့ မိုးခြိမ်းသံကျယ်ကျယ်ကြားလိုက်ရလျှင်ဖြင့် အသည်းနုသူလရောင်လေးတစ်ယောက် ဘယ်လောပ်များကြောက်လန့်နေလိမ့်မလဲဆိုပြီး သောကဝေရပြန်ပါသေးတယ်။ငယ်စဉ်က မိုးရွာထဲ ဓမ္မာရုံတဆက်မြိတ်အောက်မှာ မိုးအတူခိုခဲ့ဖူးတဲ့ အတိတ်ရဲ့အရိပ်တွေက ရင်ကိုတဆစ်ဆစ်နာကျင်ရစေပြန်ပါတယ်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Dove le storie prendono vita. Scoprilo ora