- အဝေရေ
- ဗျာဖွားဖွားး
- ဖွားဖွားခြံထဲလမ်းလျှောက်ချင်လို့ ဖွားဖွားကိုလာခေါ်ပါအုံးကွယ်
- ဟုတ်အဝေပန်းထိုးလေ့ကျင့်တာကို ခနရပ်လိုက်ပြီး ဖွားဖွားကိုအပေါ်ကနေ သွားခေါ်လိုက်တယ်
-ဖွားဖွား လှေကားဖြေးဖြေးဆင်း
- အေးအေး အဝေ ဖွားဖွားတို့ ညနေတိုင်း ဒီလိုလမ်းလျှောက်ရအောင် အိမ်ထဲမှာဘဲနေရတာ ငြီးငွေ့နေပြီ
- ဟုတ်ဖွားဖွား လမ်းလျှောက်ကြတာပေါ့
- အော်ဒါနဲ့ အဝေကသင်တန်းတက်ရတယ်မလား
- ရပါတယ်ဖွားဖွားရဲ့ သင်တန်းကနှစ်ရက်ထဲပါ ပြီးရင်ညနေပြန်ရောက်တာလေ ဖွားဖွားနဲ့လမ်းလျှောက်ဖို့မှီပါတယ်
- အေးး ကောင်းတယ် ဒါဆိုအပြင်လေးပါ လမ်းလျှောက်ကြမယ်လေ
- ဟုတ်ဖွားဖွားလည်းပျင်းမှာပေါ့ တစ်ယောက်တည်းနေနေရတာ အကုန်လုံးက ကိုယ့်အလုပ်ကိုယ်စီနဲ့ဆိုတော့ ဘယ်အားပါ့မလဲ ခြံထဲရောက်တော့ ဖွားဖွားနဲ့ စကားလေးတပြောပြောနဲ့ လမ်းလျှောက်နေတုန်းး
- မြေးလေး အစောကြီးပါလား ကျောင်းစောစောလွှတ်တာလား
ဖွားဖွားမေးရာကြည့်လိုက်တော့ ဆိုင်ကယ်သော့ကို လက်ညိုးနဲ့ဆော့ပြီး လာတယ့် အကိုမြတ်
- ကျောင်းကစောလွှတ်တာ မဟုတ်ပါဘူး ဖွားဖွားရဲ့ ပုံမှန်တိုင်းဘဲလွှတ်တာ သားကသာ ဘယ်မှမသွားဘဲ အိမ်တန်းပြန်လာတာ
- အော်အေး အာ့ဆိုလည်း ခနအမောဖြေ ရေကို၀အောင်သောက်ပြီး ရေချိုး ကြားလားမြေး
- ဟုတ်အိမ်ထဲ၀င်သွားတဲ့ အကိုမြတ် ဒီနေ့တစ်ခုခုဖြစ်နေသလိုဘဲ အရင်ကဆို အဝေကိုမြင်တာနဲ့ တစ်ခုခု မကောင်းပြောသွားရမှာလေ အခုကျတော့ အဝေကိုလည်းမကြည့်သွားဘူး ဖွားဖွားကိုဘဲပြောသွားပြီး အိမ်ထဲ၀င်သွားတယ့်အကိုမြတ် အစောကြီးလည်း အိမ်ပြန်လာတယ် ဘာဖြစ်နေတာပါလဲ
- အဝေ အဝေ
- ဗျာ
ကိုယ်ဘာသာတွေးနေတာ ဖွားဖွားခေါ်တာတောင် မကြားလိုက်မိဘူး
- ဖွားဖွားကို သစ်သီးလေးတွေ သွားယူပေးပါလား လမ်းလျှောက်ရင်း စားမလို့
- ဟုတ်ဖွားဖွား
VOCÊ ESTÁ LENDO
အဝေရဲ့သူ [Completed]
Romanceဘုန်းရှိန်ထက် (seme)---ငါမင်းကိုမချစ်ဘူးအဝေငါရဲ့ဂရုစိုက်မှုတွေကမင်းအတွက်အရောင်ဆိုးမိသလိုဖြစ်သွားခဲ့တာဘဲငါချစ်တာအမရာကိုဘဲဟုတယ်ငါချစ်တာသူမဘဲဒီလိုတွေသာဖြစ်ခဲ့မယ်ဆိုမင်းနဲ့စပြီးတွေ့ဆုံမိတဲ့အချိန်ကိုငါမပျော်ခဲ့မိသင့်ဘူးး။ ငါတို့တွေ့ဆုံမှုကမှားကိုမှားခဲ...