VI. ( Unicode )

3.6K 489 12
                                    

ပြိုင်ပွဲဝင်တွေနေရာယူပေးဖို့ ပြောနေတဲ့ အစီအစဉ်တင်ဆက်သူရဲ့အသံကြောင့် ရိပေါ်ကအဝတ်လဲခန်းကနေထွက်ခဲ့လိုက်တယ်။

ရိပေါ်ကအခု မှိုင်းညို့နေတဲ့စိတ်ခံစားချက်အပြင် စိုးရိမ်စိတ်အနည်းငယ်ကိုပါခံစားမိနေတယ်။ သေချာပေါက် အနိုင်မရမှာမျိုးကိုပူပန်နေခြင်းမျိုးမဟုတ်။

ရိပေါ်က နေရာယူပြီး အားပေးနေတဲ့လူတွေရှိရာကို တစ်ချက်လှည့့်ကြည့်လိုက်တယ်။ ကျောင်းပေါင်းစုံလူသစ်တန်း ရေကူးပြိုင်ပွဲမို့ ကျောင်းသားအများစုသာတွေ့ရတယ်။အကြည့်တွေဝေ့ဝဲပြီး တစ်စုံတစ်ရာကိုရှာဖွေပေမယ့်မတွေ့။

ရိပေါ်က မသိလိုက်မသိဘာသာပဲ သက်ပြင်းချလိုက်မိတယ်။
ပြိုင်ပွဲဝင်တွေနေရာယူပြီးတော့ ကိုယ်နေဟန်ထားအသင့်ပြင်ကြတယ်။ ရိပေါ်ကလည်းပြိုင်ပွဲကိုသာ အာရုံစိုက်ထားလိုက်တယ်။

ခရာမှုတ်သံအဆုံးမှာ ရိပေါ်က အားစိုက်ပြီး တစ်သတ်မတ်ထဲကူးခတ်တယ်။

တစ်ဖက်ကိုရောက်တဲ့အခါ ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ပြီး ခြေထောက်နဲ့ပြန်ကန်လို့ မူလနေရာကိုပြန်ကူးခတ်လာတယ်။
ကူးခတ်နှုန်းမြန်ဆန်တဲ့ရိပေါ်က စမှတ်ကိုအရင်ဦးဆုံးရောက်သူမို့ ပထမဆုရခဲ့တယ်။

လက်ခုပ်သြဘာတွေနဲ့ ဘေးကနှစ်ယောက်ခြံရံပြီးဆုယူနေရပေမဲ့ ရိပေါ်ကတော့ပျော်မနေ။

အသင်းကလူတွေရဲ့ ဂုဏ်ပြုစကားတွေကိုအသိအမှတ်ပြုလို့ အဝတ်လဲခန်းဘက်လျှောက်ခဲ့လိုက်တယ်။

.

.

"ဝမ်ရိပေါ်"

ရိပေါ်ရဲ့မကြည်မလင်စိတ်ကလေးတွေက အသံကြားရုံနဲ့ ဘယ်ဆီပြေးထွက်သွားမှန်းမသိ။

"ဝမ်ရိပေါ်"

ရိပေါ်နာမည်ကိုခေါ်ရင်း အနားရောက်လာတဲ့ ရှောင်းကျန့်ရှိဘက်ကိုရိပေါ်က မျက်နှာမူလိုက်တယ်။

"ဂုဏ်ပြုပါတယ် ရိပေါ်"

ဆွဲဆောင်မှုရှိတဲ့အပြုံးနဲ့အတူ ပြောလာတဲ့ဂုဏ်ပြုစကားကြောင့် ရိပေါ်က ပထမဆုရတာတန်သွားပြီလို့ထင်လိုက်တယ်။

JUST ANOTHER BOY [ Completed ]Where stories live. Discover now