"Kim seokjin"
ဆွဲငင်ဓာတ်တွေပါနေသည့်အသံသည် အခြားသူအတွက်သာယာနာပျော်ဖွယ်ဖြစ်သော်လည်း seokjinနားထဲတွင်မကြားချင်ဆုံးသောအသံဖြစ်သည်။ ခမ်းနားခြင်းတွေ ဂုဏ်သိက္ခာတွေဖြင့် သူမအသွင်အပြင်သည် ပုရိသတွေကိုဆွဲဆောင်နိုင်စွမ်းရှိ၏။ နီနီရဲရဲနှုတ်ခမ်းကထွက်လာသမျှ စကားလုံးတွေသည် နူးညံ့မှုတို့ဖြင့်ဖုံးကွယ်ထားသည့် ဟန်ဆောင်လိမ်ညာခြင်းတွေ။ ချွန်မြနေသည့်လက်သည်းရှည်ရှည်တွေသည် အစေအပါးတို့အားအမိန့်သဖွယ်စေခိုင်းနိုင်သည်။ လောကကပေးသနားထားသည့်မိန်းမသားဆိုသည့်ရူပဂုဏ်ပျောက်သည်အထိ သူမလုပ်ရပ်တွေသည်ရက်စက်လွန်းသည်။
"ဒီရက်ပိုင်းဘယ်တွေရောက်နေပါလိမ့်"
အရယ်တစ်ဝက်ဖြင့်သူမသည် seokjinအတွက်ရွံမုန်းစရာအကောင်းဆုံးသူ။ ဒါပေမယ့်ခုချိန်သူမဆီကရုန်းထွက်ဖို့ရာသူ မလုပ်နိုင်သေး။
"ကျွန်တော်ဘယ်တွေရောက်နေလည်း ခင်ဗျားကောင်းကောင်းသိမှာပေါ့"
မထီဟန်ဖြင့်ပြောပြန်တော့ seokjinကိုစူးစူးရဲရဲကြည့်နေသည့်သူမမျက်လုံးများသည် ကျားရဲတစ်ကောင်လိုစူးတောက်နေသည်။ သူမ လက်ထဲကဖုန်းကိုအသာဝေ့ယမ်းပြသည်။
"ဖုန်းလေးတစ်ချက်ဆက်လိုက်တာနဲ့
ဘာ...ဖြစ်...သွား...မ...လဲ...နော်"ဒါပါပဲ။ မနိုင်လျှင် အခြားသူရဲ့အားနည်းချက်နဲ့နင်းခြေမယ် သိမ်းသွင်းမယ် ဖိနှိပ်မယ် ဒါသူမရဲ့ရာဇဝင်တွင်လက်နက်။
"ကျွန်တော်ဒီစကားတွေပဲ ထပ်တလဲလဲမပြောချင်ဘူး။ ခင်ဗျားဘက်ကပယ်ဖျက်ရင် ကျွန်တော့ဘက်ကလည်းပြောစရာမရှိဘူး
ကျွန်တော်ဘာလုပ်နိုင်လည်းဆိုတာ ခင်ဗျားမမေ့ပါနဲ့""မင်း Park Jiminကိုစွန့်ပစ်နိုင်တယ်ပေါ့"
သူမရဲ့လှောင်ရီသံတွေနဲ့ဝေးသွားစေရန် လှေကားထစ်တွေကို ဘယ်လောက်မြန်မြန်တက်ခဲ့မှန်းမသိတော့။ တံခါးကိုဂျိမ်းခနဲနေအောင် ပိတ်ပြီးအမှောင်ထဲတွင်ထိုင်နေလိုက်သည်။ သူ့ဘဝကဒီအခန်းလိုပါပဲ။ မှောင်ပိန်းနေသည်တောင် ဘယ်သူမှအလင်းပေးမယ့်သူမရှိ သဘာဝကပေးစွမ်းထားသည့်ကောင်းကင်ယံကကြယ်ရောင်လရောင်တွေကိုတောင် ပြတင်းပေါက်ကစည်းနှောင်ထားသည့်ကန့်လန့်ကာက ကာရံထားသေးသည်။ ပြတင်းပေါက်တွင်ရှိသမျှ ချိတ်ဆွဲထားသမျှအကုန်ဆွဲဖြုတ်လိုက်၍ တိုးဝင်လာသည့်ညလေအေးအေးကို မျက်လုံးများပိတ်လျက်ခံယူလိုက်သည်။ ရှည်ရှည်ဝေးဝေးမတွေးချင်ပါဘူး သူ့အတွက်မနက်ဖြန်တွေဆိုတာ မမျှော်မှန်းရဲ့သည့်အနာဂတ်။
YOU ARE READING
Steady Principle { Completed }