Part - {8}

4.7K 586 52
                                    

"အဝတ်လဲဖို့ မလိုဘူး..."

"လဲရမယ်လေ။ ချွေးတွေ စိုနေတာကို"

"ဒါဆို ငါ-ငါပဲ ချွတ်လိုက်မယ်!"

ကျွန်တော် မြန်မြန်ထလိုက်တယ်။ အီဗန်က ကျွန်တော့်ကို ဂရုစိုက်ရုံပဲဆိုပေမဲ့ ကျွန်တော်က အီဗန်နဲ့ အသာလေး ထိတာကိုတောင် ရှက်‌နေတယ်။ ကျွန်တော့်ဘာသာပဲ အကြိမ်ရေ အနည်းငယ် ကြိုးစားချွတ်တော့မှာပေါ့။ ကျွန်တော် ကြောက်လန့်တကြား (အမှန်က ရှက်တာ ><) လက်ကို ရမ်းလိုက်တော့ အီဗန်က ကျွန်တော့်ရှပ်အင်္ကျီအနားကို ကိုင်ထားရင်းကနေ လွှတ်ပေးလိုက်တယ်။

"အိုကေ"

အီဗန်နှုတ်ခမ်းမှာ အပြုံးလှလှလေးတစ်ပွင့် ဖြစ်သွားတယ်။ သူ ကျွန်တော်ရှက်နေတာကို ရိပ်မိသွားတယ်လို့ ခံစားရတယ်။ ကျွန်တော် အင်္ကျီကို တည်တည်ငြိမ်ငြိမ် ကိုင်နိုင်အောင် ကြိုးစားလိုက်တယ်။

အခန်းက တိတ်နေတော့ ကြယ်သီးတစ်လုံးချင်းစီ ဖြုတ်နေတဲ့အသံကို ကြားနေရတယ်။ အနက်ရောင် မျက်ဝန်းတစ်စုံက ကျွန်တော့်ကို ကြည့်နေတော့ လက်တွေတုန်လာတယ်။ သူ့အကြည့်တွေကလေ မမြင်ရတဲ့လက်တစ်စုံက ကျွန်တော့်ကို လာထိနေသလို ခံစားရတယ်။ ဒီလိုအခြေအနေမျိုးက ပိုလို့တောင် ရှက်စရာကောင်းသေးတယ်။

အီဗန်က ကျွန်တော်ရဲ့ ကြွက်သားတွေက ဆွဲစားချင်စရာ ကောင်းနေသလိုမျိုး ပွင့်ပွင့်လင်းလင်းကို စိုက်ကြည့်လာတယ်။

သူ့ရဲ့ လည်ဇလုပ်က အပေါ်အောက် စုန်ဆင်းလိုက် တက်လိုက်ဖြစ်နေတယ်။ အီဗန်က လွှမ်းမိုးခံရလွန်းလို့ မခံနိုင်တော့သလိုမျိုး ခေါင်းငုံ့လိုက်တယ်။

"ပြီးပြီလား?"

"ဟင့်အင်း"

ကျွန်တော် ပြန်ဖြေလိုက်တဲ့ ခပ်တင်းတင်းစကားက တော်တော်ဆိုးဆိုးကို ဆွဲ‌ဆောင်မှု ရှိနေတယ်။ ကျွန်တော် အီဗန့်မျက်နှာကို ကြည့်ဖို့တောင် မတွေးရဲတော့ဘူး။ အီဗန်က သူ့လက်ထဲက ရေစိုနေတဲ့ ပုဝါကို ခါလိုက်တယ်။ ရေအေးတွေက ကျွန်တော့်ဗိုက်ပေါ်ကို ဖြာကျတော့ ချက်ချင်းကို တုန်ယင်သွားတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora