အပိုင်း (၄၁) အရှေ့ပိုင်း၏ချမ်းသာခြင်းနတ်ဘုရား

1.8K 136 0
                                    

Feng Yin Tian Xia
အပိုင်း (၄၁) အရှေ့ပိုင်း၏ ချမ်းသာခြင်းနတ်ဘုရား

သူက အဝါရောင်ငွေဒင်္ဂါးပုံစံတွေ ပန်းထိုးချုပ်လုပ်ထားသည့် အနီရောင်ဝတ်ရုံကိုဆင်မြန်းပြီး ခါးမှာတော့ ငွေရောင်ပိုးသားခါးပတ်တစ်ခုရှိလို့နေပြီး၊ ထိုမှ ကျောက်စိမ်းအဆင်တန်ဆာလေး တွဲလွဲကျနေခဲ့သည်။ သူ ချမ်းသာတာကို လူတွေမသိကြမှာစိုးရိမ်နေတဲ့ပုံပဲ။ (ကြွားတာ)

ဝတ်ရုံက မျက်စိပဒေသာဖြစ်လို့တင်မဟုတ်ဘဲ သူ့ရဲ့မျက်နှာသွင်ပြင်ကလည်း အတော်လေးချောမောလှ၏။ အတော့်ကို ဆွဲဆောင်မှုအပြည့်ရှိပြီး လူတွေကို အကြည့်မလွှဲနိုင်အောင် ညှို့ယူဖမ်းစားနေလေသည်။

သူ့ရဲ့အသားရည်ဟာ ပုလဲလိုဖြူဝင်းပြီး စွဲမက်ဖွယ်ကောင်း၏၊ ကြည်လင်လှသည့် သူ၏မျက်ဝန်းတစ်စုံကတော့ ကြယ်ကလေးတွေလို တလက်လက်တောက်ပနေတော့သည်။ သူ့ရဲ့ဝတ်ရုံပေါ်မှာ ငွေဒင်္ဂါးတွေကိုပန်းထိုးချုပ်လုပ်ဖို့ အသုံးပြုတဲ့ချည်မျှင်ကတောင် အတော်လေးဝင်းလက်တောက်ပပြီး မျက်စိကျိန်းဖွယ်ဖြစ်နေတော့သည်။

လူထုကြားမှာ စကားစမြည်ပြောရင်း သူ မတ်မတ်ရပ်နေခဲ့သည်။ သူပြောနေတာကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပေမဲ့ သူ အရမ်းကိုစိတ်လှုပ်ရှားနေတဲ့ပုံပဲ။ သူ့နံဘေးမှာရပ်နေသည့် လူတစ်ယောက်၏ပုခုံးကိုပုတ်ပြီး ရယ်ကြောမသတ်နိုင်ခဲ့ဘူး။ သူ့ရဲ့အပြုံးက နေရောင်အောက်မှာ ပန်းလေးတစ်ပွင့်လိုလှပပြီး လမင်းကြီးကဲ့သို့ ထွန်းလင်းနေတော့သည်။

သူက ဆိုးသွမ်းသည့်လူချောလေးတစ်ယောက်ပဲဖြစ်သည်။

ကြည့်ရတာ ဒီလူက မြောက်ပိုင်းမြို့တော်က မဟုတ်တဲ့ပုံပဲ။

"ဟွေရွှယ် အဲ့ဒီမှာရပ်နေတဲ့သူက ဘယ်သူလဲ?" ဟွားကျူ့ယွီ ထိုယောက်ျားပျိုကို လက်ညှိုးထိုးရင်း မေးလိုက်တော့သည်။

ဒီပြိုင်ပွဲမှာ ရှောင်ယင် ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုတဲ့အကြောင်းအချက်ကြောင့် ဟွေရွှယ် အံ့အားသင့်နေဆဲဖြစ်တာမို့ ဟွားကျူ့ယွီ သူမကိုလှမ်းမေးလာသောအချိန်မှာ သူမ ကြောင်နေတုန်းဖြစ်သည်။ ယခင်က ရှောင်ယင်ဟာ ဒီပြိုင်ပွဲတွေအပေါ် အစဉ်အမြဲ အထင်သေးလေ့ရှိတာ၊ အခုတော့ ရုတ်တရက်ကြီး သူပါ ပါဝင်ဆင်နွှဲလာတာမို့ ဟွေရွှယ် မအံ့သြဘဲဘယ်နေနိုင်ပါ့မလဲ? ဟွားကျူ့ယွီ ဒုတိယအကြိမ်မြောက် ပြန်မေးသည့်အချိန်ကျမှ ဟွေရွှယ် အသိပြန်ကပ်လာပြီး ပြန်ဖြေခဲ့တော့သည်၊ "သူက အရှေ့ပိုင်းရန်ရဲ့ ရိန်းဝမ်သုန်းချန်" လတ်စသတ်တော့ သူက အရှေ့ပိုင်း၏ချမ်းသာခြင်းနတ်ဘုရား သောချန်ဖြစ်နေတာပေါ့၊ ချမ်းသာတဲ့မိသားစုကလာတဲ့သူတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားတာ မထူးဆန်းတော့ဘူး။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now