Part 12

247 9 0
                                    

“Morning”

၀င်လာသည့် messageကို ဖတ်လိုက်ရင်း ဝေပြုံးလိုက်မိသည်။

“Morning”လို့ ဝေ ပြန်ပို့လိုက်သည်။ ခနနေရင် ဖုန်း၀င်လာတော့မည်။

တွေးလိုက်မိသည့်အတိုင်းပင် ဖုန်း၀င်လာတာကြောင့် ဝေရယ်လိုက်မိရင်း ဖုန်းကိုင်လိုက်သည်။

“Hello”ရယ်သံစွက်နေသည့် ဝေ့အသံကြောင့် ထင်သည်။ သုတက အံ့ဩသည့်အသံဖြင့်

“ဘာတွေ သဘောကျနေတာလဲ ဝေရဲ့”

“ခနနေရင် သုတဆီက ဖုန်းလာတော့မယ်လို့ တွေးမိလိုက်တာ တကယ်လဲ ဖုန်း၀င်လာတော့ ရယ်ချင်သွားလို့လေ”

“ဪ ကျနော် ဖုန်းခေါ်လို့ရော အဆင်ပြေရဲ့လားဟင်၊ အလိုက်မသိ ခန ခနဖုန်းဆက်မိသလို ဖြစ်နေမှာစိုးလို့”

“ရပါတယ် ဒါနဲ့ ပြောစရာရှိလို့ ဖုန်းခေါ်တာမလား ၊ ပြောလေ”

“အင်း နောက်တပတ် သောကြာနေ့ ညနေပိုင်း ဝေအားမလားလို့”

“သောကြာနေ့ ? အင်းးးးး ခနလေးနော်” ဝေ Noteစာအုပ်လေးကို ဖွင့်ရင်း အချိန်စစ်ကြည့်လိုက်သည်။

“အင်း အားတယ် သုတ၊ ဘာကိစ္စရှိလို့လဲဟင်”

“ကျနော့ မွေးနေ့ဖိတ်ချင်လို့ပါ”

“ဟယ် သုတမွေးနေ့လား၊ အဲ့တာဆို အချိန်မရှိလဲ ရှိအောင်လုပ်ရမှာပေါ့ သုတရဲ့၊ လက်ဆောင် ဘာလိုချင်လဲဟင်?”

“တကယ်လား၊ ကျနော် လိုချင်တာ တကယ်ပေးမှာလား?”

“အင်းပေါ့ အဟိ အရမ်းကြီးတော့ ဈေးမကြီးကြေးပေါ့”

“ဟား ဟား ဟားဟုတ်ပါပြီဗျာ ၊ ကျနော် ဈေးကြီးတာ မတောင်းပါဘူး။ အခုတောင်းလို့ရော ရလား”

“အင်း ပြောလေ”

“ကျနော့ မွေးနေ့မှာ မနက်ခင်း ဘုရားသွားချင်တာ ဝေလိုက်ခဲ့ပေး”

“-----------“

“ဝေ မအားဘူးလားဟင်”

“Ok ရပါတယ် ၊ ဝေ လိုက်ခဲ့ပေးမယ်၊ ဘယ်အချိန်သွားမလဲ”

“6 နာရီခွဲလောက် ဝေ့အိမ်‌ရှေ့ ကျနော် ၀င်ခေါ်မယ်လေ”

“အိုကေ”

“အာ့ဆို ဒါပဲနော် ဝေ”

“အင်း”.

ဖုန်းချလိုက်ပြီးနောက် သုတအကြောင်း ဝေ တွေးနေမိသည်။ မိန်းကလေးပဲမို့ ဝေ့အပေါ်ထားသည့် သုတသဘောထားကို ဝေရိပ်မိပါသည်။

ဝေ ရှေ့ဆက်တိုးရမလား။ဒါမှမဟုတ် ဒီတိုင်းလေးပဲ ရပ်နေရမလားဆိုတာ ဝေကိုယ်တိုင်ပင် မဝေခွဲနိုင်။

သုတကို ဝေ အသုံးချမိမှာစိုးသည်။ လစ်ဟာသွားတဲ့ ကွက်လပ်နေရာမှာ အစားထိုးဖြည့်မိမှာစိုးသည်။

ကွက်လပ်။ တကယ်ပဲ ကွက်လပ်တခု ဖြစ်နေခဲ့သည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now