1.3K 136 63
                                    

| Unicode |

နေ့လည်ခင်း နေ​ပူပူ​အောက်မှာ အ​ဒေါ်ကြီး​တွေလယ်ခင်းထဲဆင်းရင်ဆောင်း​နေကျ ဦးထုတ်တစ်လုံးကို​ဆောင်းရင်း ဒေစီပန်းခင်းကြီးကြားထဲ အလုပ်ရှုပ်နေတဲ့ ဘေးအိမ်ကအစ်ကိုကြီးကို ဆောနူအခန်းထဲက​နေ ချောင်းကြည့်နေမိတယ်။

အဲ့အစ်ကိုကြီးက ဆောနူတို့​ဘေးခြံကအဘွားရဲ့​မြေးပေါ့။
တက္ကသိုလ်ကျောင်းပိတ်ချိန် ဆိုးလ်က​နေ ဆောနူတို့မြို့​လေးဆီလာလည်ပြီး တစ်​ယောက်တည်းရှိတဲ့ သူ့အဘွားကိုလာအ​ဖော်ပြု​ပေးတာတဲ့။ အဘွားကိုအ​ဖော်ပြု​ပေးတယ်သာ​ပြောတယ်။ အဲ့အစ်ကိုကြီးကိုကြည့်လိုက်ရင် ဒေစီပန်းခင်းထဲမှာပဲ တကုတ်ကုတ်နဲ့အလုပ်ရှုတ်​နေတာ။

ရောက်​ရောက်ချင်း အဘွားမိတ်ဆက်​ပေးလို့ နှုတ်ဆက်​ဖူး​ပေမဲ့ အဲ့တစ်ကြိမ်ကလွဲလို့ အ​နေတည်တဲ့အစ်ကိုကြီးကို ဆောနူသွားပြီးစကားမစဖြစ်။ ဘာလို့မှန်းမသိ... ဘယ်သူနဲ့မဆို အလွယ်တကူမိတ်ဖွဲ့တတ်တဲ့​ဆောနူက သူ့ကို​တော့နည်းနည်းရှိန်တယ်။ မြို့ကြီးသားဆိုတဲ့ အရှိန်အဝါ​ကြောင့်လည်းပါမယ်ထင်ရဲ့။ အဲ့ဒါ​ကြောင့် သူပန်းခင်းထဲ​ရောက်လာမဲ့အချိန်ကိုပဲ​စောင့်ပြီး အခန်းပြတင်း​ပေါက်​က​နေ လိုက်ကာအဖြူလေးချထားရင်းနဲ့ ခိုးခိုးကြည့်​နေမိတာ။ ဒီ​နေ့ဆို တစ်ပတ်​လောက်​တောင်ရှိ​ရော​ပေါ့။

အဲ့အစ်ကိုကြီးအသားက​လေ တော်​တော်​ဖွေးတယ်။ နေ​ရောင်ထဲမှာဆို ပိုသိသာတယ်။ ဆောနူ​​ဖွေးပုံနဲ့လည်းမတူဘူး။ သူ့အသားအရည်ကိုကြည့်ရတာ ဒေစီပန်းဖြူဖြူ​လေး​တွေနဲ့​တောင် တူ​နေသေးသလိုပဲ။ နောက်ပြီး ရုပ်က​လေးလည်း​ချောတယ်။ ဒီတစ်မြို့လုံးမှာ ဆောနူပြီးရင် အ​ချောဆုံးလို့​တောင်​ပြောလို့ရတယ်။ မျက်နှာ​လေးသာ အရယ်အပြုံးနည်းနည်းရှိရင် ဆောနူကို​တောင် ကျော်သွားချင်​ကျော်သွားဦးမှာ။

အာ...ဒါနဲ့လေ အဲ့အစ်ကိုကြီးနာမည်က ပတ်ဆောင်းဟွန်းတဲ့။
နာမည်​လေးလည်း လှတယ်မလား။

🌼🌼🌼

မေ​မေလုပ်​ပေးလိုက်တဲ့မုန့်​တွေကိုင်ရင်း ဆောနူတစ်​ယောက် ခြံ​ရှေ့မှာ တောင့်​တောင့်ကြီးရပ်​နေမိတယ်။ အရင်ကဆိုရင် အဘွားအိမ်ကို တံခါးမရှိဓားမရှိဝင်ထွက်​နေကျဆို​ပေမဲ့ ဆောင်းဟွန်းဆိုတဲ့အစ်ကိုကြီးက ခြံထဲကဒန်းက​လေး​ပေါ်မှာ စာအုပ်ဖတ်ရင်းထိုင်​နေတာ​ကြောင့် ဆောနူ​ရှေ့တိုးရင်​ကောင်းမလား မ​ကောင်းဘူးလားဆိုတာကို ဝေခွဲမရဖြစ်​နေတယ်။

Love me like a Daisy |SUNSUN|Where stories live. Discover now