Jihoon x OC

16 3 0
                                    

" အားးးးး !!! "

တိုက်ခန်းမီးကိုဖွင့်လိုက်သည်နှင့် ရှေ့တည့်တည့်မှာရပ်နေတဲ့လူကြောင့် ယွန်းတစ်ယောက် အလန့်တကြားထအော်မိသည် ဒီအိမ်မှာသူတစ်ယောက်တည်းနေတာမို့ ဘယ်သူမှဝင်လာစရာအကြောင်းမရှိ ရှေ့ကလူက သူမကိုလည်းဆွဲမထူဘဲ ငုံ့ကာ စူးစိုက်ကြည့်နေသည် သူမတို့တကယ်ဆိုမတွေ့ရတာ ၃ပတ်ကျော်ပြီ အဲ့တာကိုအေးတိအေးစက်နဲ့

" ကိုဘယ်တုန်းက ဆိုးလ်ပြန်ရောက်လဲ ယွန်းကိုလည်းဖုန်းမဆက်ပါလား "

သူမကကိုယ့်ဟာကိုယ်ထရင်း သူ့ကိုလှမ်းပြောလိုက်သည် ထိုလူက ယွန်းစကားကိုအရေးတောင်မလုပ်ပါ ဆ်ိုဖာပေါ်မှာထိုင်ရင်း ကြုံရာ Netflix Series တစ်ခုကိုနှိပ်ပြီး ထိုင်ကြည့်နေလေသည် ကိုနဲ့ ကျွန်မနဲ့တွဲတာ တစ်နှစ်ရှိပြီ တစ်နှစ်မှာ ပျော်စရာအမှတ်တရတွေရှိပေမယ့်လို့ မှတ်မှတ်ရရ ရန်ဖြစ်ဖူးတာမရှိပါ ကိုတို့အဖွဲ့က နာမည်အတက်ဆုံးအချိန်ဖြစ်နေတာမို့ ကျွန်မနားလည်ပါသည် သူနဲ့တူတူရှိတဲ့အချိန်နည်းနည်းလေးကိုပဲဖြစ်ဖြစ် အမှတ်တရလို့ ကျွန်မသတ်မှတ်ထားသည်

" ကို ဒီတစ်ခေါက် Tour ဘယ်လိုလဲ America မှာပျော်ခဲ့လား "

ကျွန်မ သူကြိုက်သော Hot Chocolate တစ်ခွက်ဖျော်သွားပြီး သူ့ဘေးမှာထိုင်လိုက်သည်

" ကို, သောက်ဦး ရောက်နေတာကြာပြီလား ညစာစားမလား ၈နာရီတောင်ကျော်နေပြီ ယွန်း Assignment အတွက် ကျောင်းမှာစာလုပ်နေလို့ အိမ်ပြန်နောက်ကျနေတာ ကိုယ်လာမယ်မှန်းသိရင် စောပြန်လာမှာပေါ့ "

ကိုက ဆိုဖာအမှီပေါ်လက်တင်ရင်း ရုပ်တည်ကြီးနဲ့ပဲ ဆက်ပြီးစိုက်ကြည့်နေလေသည် ကျွန်မ ကမ္ဘာပေါ်မှာ အမုန်းဆုံးကလည်း အဲ့လိုဟာတွေ ဘာဖြစ်ချင်မှန်းမပြောဘဲ အဲ့လိုပါးစပ်ပိတ်နေရင် တကယ်အနေခက်ပြီး ဒေါသထွက်သည်

" ကို ဘာဖြစ်နေတာလဲ ယွန်းကိုပြောလေ "

ကျွန်မ သူ့လက်ကိုဆွဲကိုင်ပြီးမေးလိုက်သည် ကျွန်မ မထင်မှတ်ထားတာတစ်ခုကိုကြားလိုက်ရတော့ ကျွန်မအံ့ဩသွားသည်

" တကယ်စိတ်ပျက်မိတယ် "

ကျွန်မကြောင်သွားသည် သူဘာပြောချင်တာလဲ

TREASURE x OC one shotsWhere stories live. Discover now