တီ...တီ....တီ.....
မြည်လာသောနိုးစက်ကိုဆော့ဂျင်မျက်စိပင်မဖွင့်နိုင်ပဲလှမ်းပိတ်မိသည်"အား....အမ်း..ခေါင်းကိုက်လိုက်တာ..ညကနောက်ကျမှအိပ်လို့နဲ့တူတယ်"
နောက်ကျိနေသောခေါင်းကိုဖိနှိပ်ပြီးရေချိုးခန်းထဲဝင်ခဲ့လိုက်တယ်ကျောင်းသွားရအုံးမယ်မလား
စိတ်ရှိတိုင်းဆိုရင်ကျောင်းမသွားချင်ပေမဲ့အိမ်မှာနေရတာပိုစိတ်ဆင်းရဲတယ်။မျက်နှာသစ်ဖြီးလိမ်းပြင်ဆင်ပြီးမှန်ကိုတစ်ချက်ကြည့်လိုက်တယ်
"ဝါး...လုံးဝကိုperfectပဲဆော့ဂျင်တို့ကတော့အဟင်း"မှန်ကြည့်လို့အားရမှအိမ်အောက်ကိုဆင်းခဲ့တော့ကျက်သရေမရှိတဲ့မျက်နှာတွေတွေ့ရပြန်ပြီ။ဆော့ဂျင်တစ်ချက်မျက်နှာရှုံမဲ့ကာအိမ်ပေါက်ဝဆီဦးတည်သွားတော့သူ့အားခေါ်လာသောသူ၏ပထွေး"သားမနက်စာစားသွားအုံးလေ"
"ကွကိုယ်ဖြစ်သလိုစားမှာမို့ခေါ်မနေနဲ့ အော်ပြီးတော့ကျွန်တော့်ကိုလည်းသားလို့မခေါ်နဲ့ခင်ဗျားနဲ့ကျွန်တော်နဲ့ကဘာမှမတော်ဘူးok"
မထိတထိပြောပြီးဆော့ဂျင်အိမ်ရှေ့ကသူရဲ့ပန်းနုရောင်ပြိုင်ကားလေးပေါ်တက်ပြီးကျောင်းကိုဦးတည်သွားတော့တယ်။မီးဖိုးထဲကနေသက်ပြင်းသာအကြိမ်ကြိမ်ချနေရသောဆော့ဂျင်ရဲ့အမေကိုဆော့ဂျင်မြင်မသွားခဲ့ပါ
#####
ကားမောင်းလာရင်းအိမ်နီးချင်းခြံရှေ့ရောက်တော့သူ၏ပေါတောတောသူငယ်ချင်းမဆိုယွန်းအားတွေ့လိုက်ရသည်။
"ဟဲ့.မိဆိုယွန်းခြံပေါက်ဝမှာငုတ်တုတ်ကြီးထိုင်ပြီးဘာလုပ်နေတာလဲ"ဆော့ဂျင်ကားပေါ်ကနေလှမ်းအော်တော့ဆိုယွန်းမကစပ်ဖြီးဖြီးနဲ့ကားပေါ်တက်ထိုင်ကာ
"ဒီနေ့တော့ငါ့ကိုတင်ခေါ်သွားစမ်းပါဟာ""မနေ့ကမှဝယ်ထားတဲ့နင့်ကားကဘယ်ရောက်သွားလို့တုန်း"
ဆော့ဂျင်မျက်မှောင်ကျုတ်ကာမေးမိတော့ပြောင်စပ်စပ်နှင့်ဖြေလာသောသူမ
"ဟီး..ငါမနေ့ကbarသွားတာbarမှာကျန်ခဲ့တာထင်တယ်ငါနိုးတော့အိမ်တောင်ပြန်ရောက်နေပြီကားလဲမတွေ့တော့ကျန်ခဲ့တာနေမှာ""အမလေးငါသာနင့်အဖေဖြစ်လို့ကတော့သွေးတက်လိုက်မဲ့ဖြစ်ခြင်း"
ဆော့ဂျင်ရှုံမဲ့ကာပြောမိတော့ကောင်မစုတ်လေးကရယ်နေလေရဲ့။
YOU ARE READING
Don't leave me
Fanfictionချစ်လားဆိုတော့ချစ်တယ်သူငယ်ချင်းလိုလား ချစ်သူလိုလားဆိုတာ မခွဲခြားနိုင်သေးဘူး Kim Seokjin ကိုယ်သိတာတစ်ခုပဲရှိတယ်အဲဒါမင်းကိုသိပ်ချစ်တယ် ဆိုတာပဲဆော့ဂျင် ...