Part - {10}

4.2K 572 25
                                    

နောက်ဆုံးတော့ ပွဲတော်မနက်ကို ရောက်ခဲ့ပြီ။ ကျွန်တော့်အဝတ်တွေ အကုန်လုံး အိပ်ရာပေါ် ဖြန့်ခင်းလိုက်တယ်။ ပွဲတော်ကို အီဗန်နဲ့ နှစ်ယောက်ထဲ သွားရမှာ ပထမဆုံး အကြိမ်ပဲ။ မနေ့ညက အိပ်လို့တောင် မပျော်ဘူး။ ကျွန်တော် တစ်နေ့လုံး ဘာဝတ်ရမလဲစဉ်းစားမရတာနဲ့ ကိုယ်တိုင်ရွေးဖို့ အီဗန်အပြင်သွားတုန်း အကုန်လုံးကို ဖြန့်ချလိုက်တာ။

ငါဒါဝတ်ရမလား ဒါမှမဟုတ် ဒါဝတ်သင့်လား?

"ငါတော့ နှစ်စုံလုံးက မင်းနဲ့ လိုက်တယ်ထင်တယ်"

ကျွန်တော့်အနောက်ကနေ အသံကြားလိုက်ရတော့ ကြောက်လန့်တကြားအော်မိသွားတယ်။ သူဘယ်တုန်းက ရောက်နေတာလဲ!? သူရောက်လာတာကို မခံစားမိတော့ အလန့်တကြားနဲ့ လက်ထဲက အင်္ကျီတွေ ပြုတ်ကျကုန်ပြီး အီ‌ဗန်က ပြန်ကောက်ပေးရတယ်။ ဖုန်ခါလိုက်ပြီး ကျွန်တော့်ကို အဝတ်တွေ ပြန်ပေးရင်း ပြောတယ်။

"မင်းက ဘယ်လိုပဲဖြစ်နေနေ ပြည့်စုံနေပြီးသားမို့လေ"

ကျွန်တော့်အဝတ်တွေ ကြမ်းပြင်ပေါ် နောက်တစ်ကြိမ်ပြုတ်ကျသွားတယ်။ အီဗန်က နောက်တစ်ကြိမ် ပြန်ကောက်လိုက်ရင်း အိပ်ရာပေါ်ပဲ တင်လိုက်ပြီး ကျွန်တော့်ကို နှစ်လိုဖွယ် ကောင်းစွာပဲ ပြုံးပြလာတယ်။ သူ့မျက်လုံးထဲမှာ ကျွန်တော့်ပုံရိပ်က လူသားခရမ်းချဉ်သီးမှည့်လိုပဲ။

"မင်းရဲ့ ရဲနေတဲ့မျက်နှာလေးကလည်း အရမ်းလှတယ် ဟေးလ်"

"...ငါ့ကို စနေတာ တော်လိုက်တော့။ အဲ့တာတွေက မင်းငါ့ကို စနောက်ဖို့ သပ်သပ်ပဲဆိုတာ ငါသိတယ်။ အဲ့တာက မင်းငါ့ကို မြူစွယ်နေတာမျိုးလည်း မဟုတ်ဘူးလေ"

ကျွန်တော် ရှက်ရွံ့မှုကို တိုးတိုးလေးရေရွတ်ရင်း ထိန်းချုပ်လိုက်တယ်။ ပြီးတာနဲ့ မျက်နှာကို လက်နဲ့ ယပ်ခတ်သလို ခတ်လိုက်တယ်။

"အကယ်၍ ငါကမင်းကို မြူစွယ်နေတာ ဆိုရင်ကော?"

"ဟ-ဟမ်?"

"အဲ့တာဆို မင်းငါ့ကို မြူစွယ်ခွင့် ပြုမှာလား?"

ဘာလို့ ရုပ်တည်ကြီးနဲ့ စနောက်နေနိုင်တာလဲကွာ? မဟုတ်ဘူးလို့တော့ မပြောနဲ့? သူ့မျက်နှာ တစ်ချက်တောင်မနီပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဒီလိုစကားတွေ ပြောထွက်လာရင် ကျွန်တော် ပိုရှက်မိမှာ။ ကျွန်တော် ဆွံ့အနေတုန်း အီဗန်က ကျွန်တော့်နဖူးကို လာတောက်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Место, где живут истории. Откройте их для себя