အဝေ ငါတို့သင်တန်းပြီးရင် မုန့်သွားစားရအောင်
- ဟိုဟာလေ နွယ် အဝေကိုသင်တန်းပြီးရင် လာကြိုမှာဆိုတော့ မုန့်သွားစားလို့ရပါ့မလားး
- အာ့ဆိုရင် အဝေပြောကြည့်လေ လာကြိုတယ့်ဦးလေးကို ဒီနေ့မဟုတ်လည်းနောက်နေ့ပေါ့
- ဟုတ် အဝေဒီနေ့ပြောကြည့်လိုက်မယ်ဆရာမလာပြီဆိုတော့ အဝေတို့စကားပြောတာကို ရပ်လိုက်တော့တယ် ........
အဝေတို့ သင်တန်းအချိန် ပြီးခါနီးတော့ ဆရာမက
- ကဲအားလုံးဘဲ အချိန်လည်းစေ့နေပြီဆိုတော့ ချယ် အိမ်စာလေးပေးချင်တယ် ဒီနေ့သင်တယ့်နှစ်ထပ်ပုံဖော်တယ့် ဟာလေးကို အိမ်ရောက်ရင် ကိုယ့်ကြိုက်တယ့်ဒီဇိုင်းလေးလုပ်လာခဲ့ပေး ချယ့်ဒီဇိုင်းနဲ့မဟုတ်ဘဲ ကိုယ့်စိတ်ကူးလေးနဲ့ နှစ်ထပ်ပုံစံလေး နားလည်ကြတယ်မလား
- ဟုတ်ကဲ့ပါ ချယ်
အကုန်လုံးကချယ်အမေးကိုပြန်ဖြေကြလေသည် ချယ်လည်း ထွက်သွားပြီးတော့ အကုန်လုံးလည်း ပြန်ဖို့ ပြင်ဆင်ကြလေသည်
အဝေနဲ့နွယ် အတန်းထဲထွက်တော့ ကောင်မလေးတစ်ချုိ့ရဲ့ အသံတွေကိုကြားရလိုက်သည်
- ဟဲ့ ဟိုထောင့်နားက ဆိုင်ကယ်ရပ်ထားပြီး စောင့်နေတယ့်သူက ဟိုတစ်ယောက်မလား
- ဟိုတစ်ယောက်မဟုတ်ဘူးဟဲ့ ငါအသဲလေး ဟုတ်ကိုဟုတ်တာ ချောလိုက်တာဟယ် သူဆော်ကိုလာစောင့်တာလား မသိဘူး
- နင်ကလည်း ဟုတ်လို့လား ငါတို့သင်တန်းမှာ ရှိလောက်လို့လား ဘာဘဲဖြစ်ဖြစ် သူကိုသာရရင် သေပျော်ပါပြီဟယ် အိုက်စ်အရှေ့ကကောင်မလေးများရဲ့ ပြောတယ့်ဟာတွေကြားသလောက်တော့အရှေ့မှာရုပ်ရှင်မင်းသားရောက်နေလို့များလား
- နွယ် အရှေ့ကကောင်မလေးတွေပြောနေတာ ရုပ်ရှင်မင်းသားရောက်နေလို့လား
- ဘာဖြစ်လို့လဲ အဝေရဲ့
- မသိဘူးလေ ချောတာတွေကော ဘာတွေကော
- ဟုတ်လား အာ့ဆိုကြည့်ကြည့်မှာသိမှာ သွားကြည့်မယ်လေ လာအဝေလက်ကိုဆွဲပြီး အရှေ့ကိုထွက်လိုက်တော့ သူတို့ပြောတယ့် လူကိုကြည့်လိုက်တော့
YOU ARE READING
အဝေရဲ့သူ [Completed]
Romanceဘုန်းရှိန်ထက် (seme)---ငါမင်းကိုမချစ်ဘူးအဝေငါရဲ့ဂရုစိုက်မှုတွေကမင်းအတွက်အရောင်ဆိုးမိသလိုဖြစ်သွားခဲ့တာဘဲငါချစ်တာအမရာကိုဘဲဟုတယ်ငါချစ်တာသူမဘဲဒီလိုတွေသာဖြစ်ခဲ့မယ်ဆိုမင်းနဲ့စပြီးတွေ့ဆုံမိတဲ့အချိန်ကိုငါမပျော်ခဲ့မိသင့်ဘူးး။ ငါတို့တွေ့ဆုံမှုကမှားကိုမှားခဲ...