🔥2🔥

6.2K 609 31
                                    

အိပ်ရာမှနိုးလာတော့ မီးဆိုင်းအကြီးကြီးဖြင့် မျက်နှာကျက်အား ပထမဆုံး မြင်လိုက်ရသည်...

တဆစ်ဆစ်ကိုက်နေသောခေါင်းအား လက်ဖြင့်နှိပ်လိုက်ရင်း ဘယ်ရောက်နေလဲစဉ်းစားမိတော့မှ ‌မနေ့ကကိစ္စတွေအား သွားအမှတ်ရမိသည်..

အာ....ငါမနေ့ညကတော်တော်ပလပ်ကျွတ်သွားတာပဲ...

ကြီးကျယ်ခမ်းနားလှသော Jeon စံအိမ်တော်ကြီးသည် ဆိုးလ်မြို့တွင် တစ်လုံး ဘူဆန်တွင်တစ်လုံးရှိသည်..

ဘူဆန်မှအိမ်တော်ကြီးက Jeon ငယ်ငယ်ထဲကနေ‌ခဲ့သောအိမ်တော်ကြီးဖြစ်ကာ
ဆိုးလ်ကအိမ်တော်ကြီးကိုတော့ Jeon ၏ 12နှစ်ပြည့်မွေးနေ့အဖြစ် Jeon မေမေက
လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်...

ယောင်းက ဒယ်ဂူဇာတိဖြစ်ပေမဲ့ ဖခင်ဆရာဝန်ကြီးက ဘူဆန်မြို့ကိုတာဝန်ကျလေတော့ ငါးနှစ်အရွယ်နှင့်‌ပင် ပြောင်းခဲ့ရသည်..

မူကြိုမှာ ကစားစရာလုရင်းတွေ့ခဲ့သော Jeon သည် သူ့ဘဝတွင်အရင်းနှီးဆုံးသောသူငယ်ချင်းလေးဖြစ်လေသည်..

ထိုငါးနှစ်သားအရွယ်မှစကာ အကျင့်တူစွာပေါင်းသင်းခဲ့သော သူငယ်ချင်းလေး၏အိမ် နှစ်အိမ်လုံးကိုသူဝင်ထွက်သွားလာဖူးသည်....

ဖေဖေအငြိမ်းစားယူတော့ ဆိုးလ်ကိုမိသားစုလိုက်ပြောင်းလာကာ Jeon သည်လဲ မေမေသေပီးတဲ့နောက် အဲ့အိမ်မှာမနေချင်တော့ဘူးဟုဆိုကာ ဆိုးလ်ကစံအိမ်တော်ကြီးမှာပဲလာနေတော့သည်...

ကံကြမ္မာက လူဆိုးလေးနှစ်ယောက်အား
အဆုံးစွန်ထိဆိုးသွမ်းနိုင်ဖို့ နီးစပ်အောင်ဖန်တီးပေးလိုက်ခြင်းပင်....။

ကိုယ်ပေါ်က Jeon ရဲ့ Hoddie အဖြူလေးအား တချက်ခါလိုက်ကာ အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်...

အရက်သိပ်မသောက်နိုင်သောသူသည်
အများကြီးသောက်မိတာနှင့် လူမှန်းသူမှန်းမသိအောင် မူးတတ်သောကြောင့်
Jeon သည် သူ့အား ဘယ်လောက်ဘယ်ရွေ့ဟူ၍ limit နဲ့သောက်စေသည်...

မနေ့ညကတော့ အသစ်တွဲဖြစ်ခဲ့သောအလန်းလေးက ဇွတ်ကိုခွက်ထဲငှဲ့ပေးနေတာမို့ သူမူးရူးကွဲပြဲလာခြင်းပင်...

I hate you, I love you [Complete]Where stories live. Discover now