Home & House - 1

6.4K 141 17
                                    

Unicode

သာယာသော နံနက်ခင်းလေး‌နဲ့အပြိုင် သစ်ပင်ပေါ်က ငှက်ကလေးတွေလည်း ကျလိ ကျလိ နဲ့ တွတ်ထိုးနေ၏
ဒေါ် မေသက်ထား တစ်ယောက် သားဖြစ်သူအခန်းထဲ လာပြီး သားတော်မောင်ကို ခေါ်နှိုးနေရတယ် ဒီသားက အလုပ်သရဲ အခုလဲ ညည့်နက်မှ အိပ်ရာဝင်ပုံရတယ် ခါတိုင်းဆို ဒီအချိန် ပြင်ဆင်ပြီးနေပြီး

မွေ့ယာပေါ် မှောက်ရက်အိပ်နေတဲ့ သားအနားသွားပြီး လေသံအေးအေးလေးနဲ့

"သား ထတော့လေ အလုပ်နောက်ကျနေမယ် CEO ကစပြီး စည်းကမ်းပျက်လို့ဘယ်ဖြစ်
မလဲ "
ထိုအခါ သားက တစ်ဖက်ကိုလှည့်သွားပြီး အိပ်ချင်မူးတူးအသံနဲ့

"အမေကလဲ ခဏ အိပ်ဦးမယ် မနေ့က 2 နာရီအထိအလုပ်လုပ်ထားတာ "

ထင်ထားတဲ့အတိုင်းပဲ အခုလဲ ညည့်နက်ပြန်ပြီး

"ဘာလို့ကိုယ့်ကိုကိုယ်ဂရုမစိုက်ရတာလဲ အမေ့ မှာဒီသားတစ်ယောက်ပဲရှိတာ တစ်ခုခုဖြစ်ရင်ရင်ကျိုးရချည်ရဲ့ ညည့်နက်တဲ့အထိမလုပ်နဲ့ အလုပ်ကအရေးမကြီးဘူး "

သူလဲ ဆက်အိပ်လို့မရမယ့်အတူတူ ငုတ်တုတ်ထထိုင်ပြီး အမေ့ရင်ခွင်ထဲဝင်မှိန်းနေရင်း

"ဟုတ်ပါပြီး ပွစိပွစိနဲ့ အဘွားအိုပေါက်စလိုပဲ"

"အမေ ကစိုးရိမ်လို့ပြောတာ"

"သိပါတယ် နောက်တခါမလုပ်တော့ဘူးနော်"

"Morning သား ရေချိုးတော့ အမေ မနက်စာပြင်လိုက်မယ်"

"ဟုတ် အမေ"

နဖူးလေးနမ်းပြီး အမေက အပြင်ထွက်သွားတယ်

နာရီကို လှမ်းကြည့်တော့ ကျစ် 9 နာရီတောင်ထိုးသွားပြီး မဖြစ်ဘူး မြန်မြန်လုပ်မှ
အပေါ်ထပ်ကနေပြေးဆင်းလာတဲ့သားဖြစ်သူကိုကြည့်ပြီး

"ဖြည်းဖြည်းဆင်းပါသားရယ် ရုံးကထွက်မပြေးပါဘူး မနက်စာရပြီး လာစားလှည့်"

"မစားတော့ဘူး အမေ အစည်းအဝေးရှိတယ်deliveryနဲ့ပဲမှာစားတော့မယ်"

ဖိနပ်ကိုအသည်းအသန်ဝတ်ရင်း လှမ်းအော်လာသည်

"ဟဲ့ဟဲ့ အော်ဒီကလေးနှယ် အသည်းအသန် အလုပ်ကိုဘဝထင်နေတယ်"

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now