Reminder
ဒါက ဂျီဂျီရဲ့နောက်စာအုပ်တအုပ်မှာရေးထားတာပါ အဲ့စာအုပ်က short stories ပုံပြင်လိုမျိုးပဲမို့ အဲ့စာအုပ်လေးကို Unpublished လုပ်ပြီး ဒီထဲမှာပဲရေးပါတော့မယ် ဟုတ်....
Crd to @kimnunas
------------
#Insert
#zawgyiချလောက်!!!
အိပ်ခန်းတံခါးကို ဖွင့်လိုက်တဲ့အသံတခုဟာ မှောင်မိုက်နေတဲ့ ညကောင်းကင်ကိုအခန်းပြတင်းပေါက်လေးကနေငေးကြည့်နေသည့်
လူတယောက်အား ပြတင်းပေါက်မှအကြည့်လွဲစေသည်။အရပ်ရှည်ရှည်
ခန္ဓာကိုယ်တောင်ါတောင့်နဲ့ လုတယောက် ဝင်လာပြီး သူ့ဘေးနားမှာ လာထိုင်ကာ ကောင်လေးရဲ့နက်မှောင်တဲ့ဆံပင်လေးတွေကိုဖွလိုက်ပြီး"မအိပ်သေးဘူးလား ကလေး??..."
"Gyuိုလဲ မအိပ်သေးဘူးလေ။ဘာဖြစ်လို့လဲ"
"ဒီတိုင်းလေး ကိုယ့်ရဲ့ချစ်စရာ ညီလေး မအိပ်သေးဘူးလား လာကြည့်ရုံပါ ကလေးရယ်..."
Wonwoo တယောက် ခေါင်းကိုခါလိုက်ပြီး စောင်ပုံလေးထဲ ပို၍တိုးဝင်ကာ ကွေးနေလိုက်သည်။သူ့ရဲ့လုပ်ပုံလေးတွေကို မျက်တောင်မခတ် မြတ်နိုးစွာ ကြည့်နေတဲ့ Mingyu ကလဲ ကုတင်ပေါ်ကနေထလိုက်ပြီး စောင်ပုံလေးထဲကွေးနေတဲ့ ကြောင်ပေါက်လေးဘေးနားမှာ သူ့ရဲ့တောင့်တင်းပြီးနွေးထွေးလှတဲ့
ခန္ဓာကိုယ် ကိုလှဲလိုက်ပြီး ကြောင်ပေါက်လေးကိုဖက်ထားလိုက်သည်နေ့ရက်တွေဟာ အချိန်နှင့်အမျှ မြန်ဆန်စွာ လှည့်ပတ်နေချိန်အတွင်းမှာ
ပဲ သူတိုနှစ်ယောက်ရဲ့ကြားထဲက သံယောဇဉ်ဟာ ညီအစ်ကိုချစ်ခြင်း
သံယောဇဉ်ကနေ မြန်ဆန်စွာဖြင့် ဒီထက်ပိုတဲ့ သံယောဇဉ်အဖြစ်
ဖြစ်တည်လာခဲ့သည်။အင်း ဟုတ်တယ်။ သူတို့နှစ်ယောက်က ညီအစ်ကိုတွေပဲ။
Wonwoo ရဲ့အမေနဲ့ Mingyu ရဲ့ အဖေနဲ့က လက်ထပ်ထားသည်မို့
သွေးတော်စပ်နေသည့် ညီအစ်ကိုနှစ်ယောက်ပင်။အရှေ့ကနေဦးစီးဦးဆောင်လုပ်နေပြီး အာဏာရှိတဲ့ Kim မိသားစုရဲ့
သားအကြီးဆုံးဖြစ်တဲ့ Kim Mingyu ဟာ သူနဲ့ နှစ်အကြာကြီး တူတူသွား တူတူလာ တူတူစား တူတူအိပ် ဖြစ်တဲ့ သူ့ညီလေးအပေါ်
နှလုံးသားတံခါးလေးအား အမှတ်တမှတ် ဖွင့်ထားမိပြီး Wonwoo
အား သူ၏နှလုံးသား၏အနက်ရှိုင်းဆုံး တနေရာတွင် နေရာယူစေသည်
CZYTASZ
❤Meanie Myanmar Short Stories❤
FanfictionStarring-Mingyu+Wonwoo(Seventeen) #MyanmarFanfiction -One shot❌ -Own creation❌ -Short stories (at least about 2 episode)✔ -Fanfiction✔ Different types of Plots may contain!! 🔞⛔Some may include sexual content,violence,death content...🔞⛔ So U can Ch...