-1-

22 2 0
                                    

အခုဆို ဂျူဆောင်းရွာလေးကိုဖျတ်ပြီး ရဲတိုက်ကြီးတစ်ခုနဲ့ မြို့တံတိုင်းကြီးတွေ ဆောက်ပြီးလုနီးပါးဖြစ်နေပြီ

ကင်မ်ထယ်ယောင်း တစ်ယောက် ဂျူဆောင်းကိုရောက်ထဲက ဘယ်မှ မထွက်ရသေး အဖေ့နောက်လဲလိုက်မရ အဖော်အဖြစ်အရင်က မွေးထားတဲ့ ဖီးလစ် ဆိုတဲ့ ငှက်လေးတစ်ကောင်ရှိလို့အပျင်းပြေနေသည်

ညဘက်အဖေပြန်လာရင် လေးမြှားကူလုပ်ပေးရတာက ထယ်ယောင်းအလုပ်တစ်ခုလိုဖြစ်နေသည်

သူ့‌အဖေလို သားလိုက်မုဆိုးဖြစ်ချင်တဲ့ ထယ်ယောင်းလေးက တစ်နေ့တစ်နေ့ လေးမြှားတွေပဲထိုင်လုပ်နေရပြီ အချိန်နေရရှာသည်

တစ်နေ့သူ ဒီရဲတိုက်အပြင်ကို ခိုးထွက်မယ်
အဖေ့နောက်ခိုးလိုက်မယ်
အခုဆို ကိုယ်ပိုင်လေးမြှားတစ်ခုလည်းရှိနေပြီဖြစ်သည်

စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေကိုလည်း ကိုလည်းကြည့်ချင်မိပါသည်

ဂျူဆောင်းရွာက ယောင်္ကျားသားများကတော့ မြို့တံတိုင်းကြီးအပြင်ကနေ တောအစက အပင်တွေကို‌ေန့တိုင်းရှင်းလင်းနေကြရသည်

သိုးထမ်း နွားထိမ်း လည်းလုပ်ရ တောလည်းရှင်းရ ဒီကြားထဲ ဝံပုလွေ ရန်ကလည်းကြောက်ရသေး

ညနေပိုင်းနေဝင်ချိန်

"အဖေပြန်လာရင် ရှင်းလင်းနေအောင် အကုန် ရှင်းထားမှ ပြီးရင် ရေနွေးလေးလဲတည် ထားရမယ် ပြီးရင် ခြေထောက်လေးနိပ်ပေးရင်း မနက်ဖန်လိုက်ချင်တဲ့အကြောင်း ကိုဖြေးဖြေးချင်းပြောရမယ်"

ထယ်ယောင်းတစ်ယောက် စိတ်ကူးလေးလဲ ပျော်နေသည်

တံခါးဖွင့်သံကြားတဲ့အချိန်မှာတော့ ထယ်ယောင်းတစ်ယောက်အငြိမ်မနေနိုင်‌တော့

"အဖေပြန်လာပြီလား သားစောင့်နေတာ"

"ငါ့သားလေးက စောင့်နေတာလား ဒီနေ့နဲနဲနောက်ကျသွားတယ်"

"ဒီနေ့ရောမိခဲ့လားဟင်"

"ထောင်ချောက်တွေတော့ ထောင်ခဲ့တာပဲ သားရယ် ဂျူဆောင်းတောထဲက ဝံပုလွေတွေက သိပ်လျင်တာ သားရ"

"‌အဖေ့အတွက် သား ရေနွေးလေးလုပ်ထားတယ်သောက်‌လိုက်ပါအုန်း"

WOLFWALKERSWhere stories live. Discover now