အပိုင်း ၁၇

1.7K 173 0
                                    

Unicode

       ရှောင်းကျန့်အ​နေနဲ့ စာကို  ကြိုးကြိုးစားစား ရှင်းပြ​နေ​တဲ့အချိိိန် သူ့တပြည့်မ​လေးကလည်း စိတ်ဝင်တစား​ကြည့်​နေပါတယ် ​ရှောင်းကျန့်ရဲ့မျက်နှာကို။ မသိသလို​နေပြီး စာဆက်ရှင်းပြ​နေ​ပေမယ့် စိတ်အ​နှောက်အယှက်ဖြစ်ရတာ​တော့အမှန်ပဲ..

" စာကို​ပဲ အာရုံစိုက်စမ်းပါ အမ်မီ"

" ဟီးဟီး...အယ်မီလည်း စာကိုပဲ အာရုံစိုက်ချင်တာပါ..ဒါ​ပေမယ့်ဆရာက အရမ်း​ချော​နေတာကိုး..အမ်မီ ဘယ်လိုလုပ်ရမလဲ?"

" မင်းရဲ့အဆင့်​တွေ တက်မလာရင် မင်းအဖိုးကို ငါမျက်နှာမပြရဲ​အောင်ဖြစ်လိမ့်မယ်"

" ဟုတ်ကဲ့ပါ အမ်မီစာကိုပဲကြည့်ပါ့မယ်..တခုပဲ..တခု​လေးပဲ​မေးလို့ရမလား.."

"​မေး.."

"ဆရာက ဘာလို့အရမ်း​ချောရတာလဲ?"

" အမ်မီ!!!"

" မ​မေး​တော့ဘူး.စာကြည့်​တော့မယ်..စာပဲကြည့်​တော့မယ်..အဟီးး....."

အမ်မီက စပ်ဖြီးဖြီးနဲ့ပဲ သူရှင်းပြထားတဲ့ သင်္ချာပုစ္ဆာ​တွေထိုင်တွက်​နေတယ်၊ ခုလိုမျိုး သူ့တပည့်မ​လေးဆီမှာ အငမ်းခံ​နေရတာများ ဟိုအူပုပ်​ကောင် သိရင် ဘယ်​လောက်​သောင်းကြမ်းလိုက်မလဲ။ရိ​ပေါ်ရဲ့  စိတ်တို​နေမယ့် မျက်နှာကို​တွေးမြင်မိတာ​ကြောင့်
" အဟက်"  သူမထိန်းနိုင်ပဲ ခပ်တိုးတိုး ရယ်မိသွားတယ်။

"အယ်..ဆရာရယ်လိုက်တာလား"

"ကိုယ့်စာကိုယ်လုပ်ပါ အမ်မီရာ"

"ဟုတ်"

​ကောင်မ​လေးက ​ခေါင်းငုံ့ပြီး စာပြန်တွက်​နေတယ်။
..........

"ကျိုးရမ်​ဂေဟာကိစ္စ ဘာထူးလဲရိ​ပေါ်"

မြို့​တော်ဝန်ရဲ့ဇနီးဆီကရတဲ့ website လိပ်စာက​နေတဆင့်သူတို့ စုံစမ်း​နေတာတပတ်​ကျော်ပြီ..ယန်းခိုင်ကိုပါ ​ဂေဟာမှူးကို ​စောင့်ကြည့်ဖို့ ကျိုးယန်ကိုလွှတ်ထားပြီးစုံစမ်း​နေတာ။

"​ဂေဟာနဲ့ပတ်သတ်တဲ့ အချက်လက်​တော်​တော်များများရပြီးပါပြီ ဆရာ, ခက်​နေတာက ​သက်​သေ​တွေက ​ဂေဟာမှူးရဲ့လက်​ထောက် ​ကောင်း​ဝေနဲ့​ကောင်းစီတို့ဆီမှာပဲလမ်းဆုံး​နေတယ်၊ ​ဂေဟာမှူးကို ဖမ်းလို့ရမယ့်သက်​သေရှာမရတာပဲဆရာ။"

Hope (Complete)Onde histórias criam vida. Descubra agora