တိတ်ဆိတ်နေတဲ့ ကော်ဖီဆိုင်လေးတစ်ခုမှာ
LiLiဟာ စာအုပ် အသစ်တစ်အုပ် ထုတ်ရန်
အတွေးသစ်တွေစဥ်းစားနေသည်
...
သူမဟာ အောင်မြင်တဲ့ စာရေးဆရာမ တစ်ယောက်ဖြစ်တယ် ပထမဆုံး စာစရေးချိန်ကတော့LiLiမှာ စာရေးဖို့ အတွေးများစွာရှိနေခဲ့တယ် အခုစာအုပ်များစွာ ထုတ်ပြီးချိန် မှာ အတွေးသစ်တွေ စဥ်းစားမရတော့ဘူး
သူမထိုင်နေတဲ့ကော်ဖီဆိုင်လေးက
နေ့လည်ခင်းမှာ
လူရှင်း၍တိတ်ဆိတ်နေခဲ့ တယ်ဒါကြောင့် သူမစာရေးရန် အကောင်းဆုံး နေရာ ဖြစ်နေတယ်LiLiက အများအားဖြင့် သရဲ ၀တ္ထုများကိုသာ ရေးလေ့ရှိတယ်
သူ့ စာဖတ်ပရိသတ် များကအချစ်အကြောင်းရေးဖို့ တောင်းဆိုလာကြသည့်အတွက်
LiLiဟာ ပထမဆုံး အချစ်၀တ္ထု ထုတ်ရန် ကြိုးစားနေသည်တိတ်ဆိတ်နေတဲ့ ကော်ဖီဆိုင်အတွင်းကို ကောင်မလေးတစ်ယောက်၀င်ရောက်လာတယ်
LiLiသည် ထိုကောင်မလေးအား လှမ်းကြည့်လိုက်သည်
ထိုကောင်မလေးသည် ပန်းရောင်ဂါ၀န်လေးနှင့် လက်ထဲ စာရွက်တွေထည့်ထားတဲ့ flie တစ်ခုကို ကိုင်ဆောင်ထားတယ် အသားဖြူဖြူ ဒေါက်ဖိနပ် မြင့်မြင့်ဖြင့် ဆိုင်ထဲသို့၀င်လာသည်သူဟာ LiLiနှင့် တစ်ခုံကျော်မှာ ၀င်ထိုင်လိုက်ပြီး LiLi ကို တစ်ချက်လှမ်းကြည့်လိုက်သည်
LiLiလဲ ကောင်မလေးနှင့် မျက်လုံးချင်းစုံသွား၍မျက်လုံးကို လက်ပ်တော့ ပေါ်သို့ ပြန်အာရုံစိုက်လိုက်သည်
ခနကြာသော် ထိုကောင်မလေးဟာ ပြန်ထွက်သွားခဲ့သည်LiLi လဲ အတွေးသစ်တွေမရပဲ ပန်းရောင်ဂါ၀န်ဖြင့် ကောင်မလေးတစ်ယောက်အကြောင်းကိုပဲ တွေးမိနေခဲ့သည်
LiLi;; သူမဟာ လှလိုက်တာ
......................
NiNi
NiNi သည် အလုပ်လိုက်လံ ရှာဖွေနေသည်
NiNiမှာအဖေ မရှိတော့ပေ သူမ၏ အမေနှင့်မောင်လေးဖြင့်နေထိုင်သည်
အဖေမရှိတော့ထဲက စား၀တ်နေရေးကြပ်တဲနေခဲ့သည် သူနှင့် သူ၏မောင်လေးအား သူမအမေက ရှာဖွေ ကျွေးမွေးနေသည်
NiNi သူ့အမေသက်သာအောင် သူကိုယ်တိုင် အလုပ်ထွက်ရှာပေမဲ့ အလုပ်ရဖို့ ခက်နေသေးသည်