1994,World quiddich ပြိုင်ပွဲကြီးကိုသွားဖို့ Weasley အိမ်မှာ ပစ္စည်းတွေထည့်ပြီးဆူညံနေတယ်။ အသံအကျယ်ဆုံးကတော့ ထုံးစံအတိုင်း Molly Weasley ပေါ့ ချစ်ရတဲ့Arthur, သားသမီးတွေအတွက်ရော မတော် ရသေးတဲ့ သားမက်လေး(Harry Potter) အတွက်ရော ပစ္စည်းတွေထည့်ပေးရင်း မှာစရာရှိတာတွေမှာနေတာပေါ့။
Ron-“Hermione ကရော ဘယ်ေတာ့လာမယ်တဲ့လဲ Harry”
Harry-“သူလာနေပြီလို့ပြောတာပဲ ဟဲ့ အိမ်ရှေ့မှာရောက်နေပြီလေ”
Ron“အေးသူလဲမြန်မြန်ရောက်မှပဲ ဟိုမှာစောင့်နေတဲ့ကောင်ကြီးက သစ်ကုလားအုတ်ဖြစ်တော့မယ် ကြည့်ပါလား”ဆိုပြောပြောဆိုဆိုနှင့် Harryအား Fred ရှိသည့်နေရာကိုညွှန်ပြလိုက်သည်။
ပြောလဲပြောချင်စရာ Fred တစ်ယောက်မနက်အစောကြီးမထစဖူးထကာ အိမ်ရှေ့တစ်ချိန်လုံးမျှော်နေသောကြောင့်ဖြစ်သည်။
Hermione လည်းရောက်ရောက်ချင်း Arthur နှင့် Molly တို့ကိုအရင်နှုတ်ဆက်ပြီး Harry နှင့် Ron တို့ဆီေရာက်လာသည်။
“ဟေး Hermione Muggle မုန့်တွေအများကြီးထည့်လာလား ငါတို့စားဖိုလေ ”Ron ကပြောလိုက်သည်။
“ပါတယ်ပါတယ် အများကြီးကိုပါတာ” ရီရင်ပြောလိုက်သည်။
“ဟဲ့ Fred ရော” Hermione ၏ရုတ်တရက်တိုးတိုးမေးသံကြောင့် Harry နှင့် Ron တို့ပြုံးစိစိဖြင့်
“ဟိုမှာ နင့်ကိုစောင့်နေတာ လည်ပင်းတောင်ရှည်နေပြီသလား”
“အေးပါ ငါသူ့အတွက် ေပးစရာေလးရှိလို့”
“အမယ် မျက်နှာတွေကလိုက်ချက်နော် အဟင်း” Harry ကပြောလို့မဆုံးသေး Hermione တစ်ယောက် Fred ဆီကိုပြေးသွားပြီး သူမအိတ်ထဲက Snow Ball(နှင်းဖန်လုံးလေး) ကိုပေးလိုက်သည်။
“ရော့ Fred ငါကိုယ်တိုင်လုပ်ထားတာ နင်အရင်ကငါငိုနေတဲ့အချိန်တွေမှာတူတူရှိပေးလို့လေ”“ဟုတ်ပါပြီ ကျေးဇူးပါ နောက်ထပ်လဲထပ်ပြီးအနားမှာရှိနေခွင့် ပေးတယ်မလား”
Hermione ရှက်ပြုံးပြုံးလိုက်သည်။ စာကြမ်းပိုးမလေးလဲအချစ်နဲ့တွေ့ရင်အရည်ပျော်တတ်တယ်လေ။
Year 1မှာ Ron စကားကြောင့် ချောင်ထဲမှာငိုနေတုန်း ချိုချဉ်ကျွေးပြီးချော့ခဲ့ရတာတစ်မျိုး
YOU ARE READING
ကိုယ်မြတ်နိုးတဲ့ကြယ်လေး
Fanfictionမင်းကဟိုးအဝေးဆုံးက ကြယ်ပွင့်လေးဖြစ်နေရင်တောင် ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး⭐⭐ Fremoine Pic from Pinterest