Chapter 9 (သူ(or)Crush)

100 16 3
                                    

တစ်ခါတစ်ရံ အမှတ်တရတစ်ချို့ကို
ကျောင်းစာသင်ခန်းထဲမှာ
အကြောင်းတိုက်ဆိုင်တိုင်း
သတိရနေပါတယ်...။

Mathကျွမ်းကျင်တဲ့ သူ့ ကို
Mathသင်တဲ့အချိန်ရောက်တိုင်း
အနားမှာရှိစေချင်တဲ့ ဆန္ဒလေးတစ်ခု
ကြယ်ကြွေခဲ့ရင် ဆုတောင်းချင်သေးတယ်။
ဆုတောင်းမပြည့်မှန်းသိလျက်နဲ့.....။

.... .... .... .....

နံနက်ခင်း အချိန်က ၈ နာရီကျော်..။
နေရောင်ခြည်ကတောက်တောက်ပပ
ထွန်းလင်းနေခဲ့လျက်...။

ကျောင်းဝန်းအတွင်း တိတ်ဆိတ်နေသောလျှောက်လမ်းဘေးတစ်ဖက်စီက
ခရေပင်ပျိုတို့က စိမ်းလန်းစိုပြည်နေခဲ့ရင်း
လေပြည်တွေဟာ အေးစက်စက် ညှင်းသွဲ့သွဲ့
တိုက်ခတ်နေလေသည်။

ကျောင်းခန်း​တွေထဲမှာ
ရှိနေတဲ့ကျောင်းသားဦးရေအရေအတွက်က
ယခင်ကထက်သိသာစွာ
နည်းပါးပြန့်ကျဲ့လျက်။
ယခင်က စကားသံတို့ဆူညံစေခဲ့သော
အခန်းထဲကသူ တော်တော်များများရဲ့
နေရာကလစ်လပ်နေလေရဲ့။

မကြာပါ...
Ecoအခန်းကလူတွေနဲ့ Bioအခန်းကလူတွေနဲ့ တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားခဲ့ပါပြီ။
နည်းပါးလွန်းသော
ကျောင်းသားဦးရေကြောင့်
အခန်းတစ်ခန်းထဲမှာပဲ
စုစည်းထားခြင်းဖြစ်သည်။

ကျွန်တော်တို့အတန်းပိုင် ဆရာမက Mathဘာသာရပ်ကိုသင်ကြားသူ။
ကျွန်တော်ကတော့ Mathနဲ့ပက်သတ်ရင်
ယုံကြည်ချက်သိပ်မရှိ...။

ဒါပေမယ့်သင်္ချာကို
ကျွန်တော်အရမ်းနှစ်သက်ပါတယ်။
ပုစ္ဆာတွေအဖြေရှာတဲ့အခါမှာ
သေချာတွက်နိုင်ပါတယ်အများနည်းတူပေါ့။

အခန်းထဲမှာကျွန်တော့်ကို တစ်ခြားသူတွေက
သင်္ချာထူးချွန်တယ်လို့ ထင်ကြတယ်။
ဒါပေမယ့် ကျွန်တော့်ထက်သင်္ချာတော်တဲ့သူတွေအခန်းထဲမှာရှိနေခဲ့ပါသေးတယ်။

သူလည်း သင်္ချာမှာသိပ်ပြီးထူးချွန်တဲ့ကျောင်းသားတစ်ယောက်ပါ။

ဒါပေမယ့်စာသင်နေချိန်မှာသူ့အကြောင်းတွေးမိတော့ အရှေ့ကစာသင်နေတဲ့ဆရာမကိုအားနာမိပါတယ်။

ကျွန်တော်သူ့အကြောင်းကို ခဏတာ
မေ့ဖျောက်ရင်း စာထဲမှာစိတ်ကို
အာရုံပြန်စိုက်ထားခဲ့ပါတယ်။
ထိုနောက်မှာတော့ကျွန်တော့်အာရုံမှာ Numberတွေ Coordinate ပြင်ညီ​တွေသာ နေရာယူခဲ့ရင်း...။

သာယာတဲ့မနက်ခင်း စာသင်ချိန်မှာ
ကောင်လေးတစ်ယောက်သင်ခန်းစာ​တွေကို
သေချာအာရုံစိုက်နေခဲ့ပြီး တစ်ဖက်မှာလည်း
သူ့စိတ်ထဲအတွေးတစ်ချို့ ဝေ့ဝဲကွန့်မြူး
နေခဲ့ခြင်းအကြောင်းကို သစ်ရွက်စိမ်းစိမ်း၊လေပြည် အေးအေးညှင်းညှင်းတွေကသာ
သိခဲ့နိုင်လိမ့်မယ်။
... .... .... ..

The Coordinate Of One-side Love
.           (My feeling"s poem) .

     တို့နှစ်ယောက်သာ ၊
Coordinateပြင်ညီပေါ်က၊
Numberတွေသာဖြစ်ခဲ့ရင်၊
တို့နှစ်ယောက်က၊
တစ်ယောက်က positive integer
တစ်ယောက်က negative integer
ကျောခိုင်းခြင်းရဲ့ အမှန်တရားတစ်ခု။

တစ်ဖတ်သက်ရဲ့သဘောတရားက
Undefined ဖြစ်နေတဲ့ ပုစ္ဆာတစ်ခု။
မသိနိုင်သော အဖြေပေါင်းများစွာ
မရေရာတဲ့ အကြောင်းတွေ
နာကျင်မှုတွေ။

ဆက်ဆံရေးက
သူငယ်ချင်းလိုပင် မတည်မြဲခဲ့။
Negative ဖြစ်နေတဲ့ Slope lineကဲ့သို့
ဆုတ်ယုတ်ခြင်းသို့သာ ဦးတည်ခဲ့။

အမှတ်မရှိသူလို
အေးစက်နေတဲ့ဆက်ဆံရေးကို
အတင်းအကျပ်ဖက်တွယ်ရင်း
ရင်နှင့်ရင်းကာ သူ့ကိုတိတ်တခိုးချစ်၏။

........ .....
JulyMoeSat 😔

He (Or)CrushWhere stories live. Discover now