Extra - 3(ကုန်းရွဲ့ဟန်xလျိုချင်းဟောင်/ကုန်းရွဲ့ဟန်xလျိုချင်းဟောင်)

5.6K 598 22
                                    

Zawgyi

"အူးးဝါးးး ပါးပါး လီဝမ်း သားကိုရိုက်တယ်!!!"ဆိုကာ အသံပြဲနဲ့အော်ငိုနေတဲ့ အားလီလေး ရယ်...

"မင်းလျှောက်မပြောနဲ့ ဘယ်မှာရိုက်လို့လဲ မင်းခေါင်းမှာ ပိုးကောင်လေးတွေ့လို့ ဖယ်ပေးတာလေးကွာ!!"ဆိုပြီး ခါးလေးထောက်ကာ သူ့ကိုစွပ်စွဲလို့ ဒေါသလေးထွက်နေတဲ့ လီဝမ်း။

"လာ အားလီ ပါးဆီကိုလာခဲ့!လီဝမ်းလည်း ဒီမှာ မုန့်လာစား!"

တစ်နေ့တနေ့ ဒီကလေးနှစ်ယောက်ရဲ့ဆူငြံသံကို နားငြီးနေတဲ့ လီရုန်ရယ်။

အားလီက သူ့ပါးပါးခေါ်တာကြောင့် ငိုနေရင်းနဲ့အပြေးကလေးလာကာ သူ့ပါးပါးပေါ်တက်ထိုင်ပြီး လက်ထဲက မုန့်ကိုယူစားသည်။လီဝမ်းကလည်း သူ့ပါးပါးဘေးမှာလာထိုင်ကာ ပန်းကန်လေးထဲက စတော်ဘယ်ရီသီးကိုနှိုက်စားတော့သည်။

အသံတိတ်သွားတဲ့ ကလေးနှစ်ယောက်ကိုကြည့်ကာ လီရုန်မှာ သက်ပြင်းချရသည်။

"အစားအသောက်နဲ့ကျ ငြိမ်သွားတာပဲ ဂျပိုးလေးတွေ!"

"သားနှစ်ယောက်က မုန့်တအားကြိုက်တာပဲလေ..."လို့ဆိုကာ အခန်းထဲမှထွက်လာတဲ့ ရှကောဖေးက လီဝမ်းကိုကောက်ချီကာ ထိုင်ခုံမှာထိုင်ပြီး သူ့ပေါင်ပေါ်တင်လိုက်သည်။

"ဖေဖေ စားကြည့်!ကောင်းတယ်ရော! "

"ဟုတ်လား ကျွေးကြည့်ပါဦး ဖေဖေ့ကို!"

"ဟိ အကြီးကြီးတော့ မကိုက်နဲ့နော် သေးသေးလေး သေးသေးလေးပဲကိုက်နော်..."

"ဟားဟား ဟုတ်ပါပြီကွာ ကပ်စေးနှဲလေး!"

*တင်းတောင်*!!

"ကျွန်တော်သွားဖွင့်လိုက်မယ်.."

ဘဲလ်တီးသံကြောင့် လီရုန်က ထလိုက်ကာ အားလီကိုချီရင်းတံခါးသွားဖွင့်လိုက်သည်။မနက်အစောကြီး ဘယ်သူများပါလိမ့်။

တံခါးဖွင့်လိုက်ရာ မြင်လိုက်ရတဲ့ လူကြောင့် အံ့သြသွားသည်။

"လျိုချင်းဟောင်!မင်း ဘာလာလုပ်တာလဲ?"

"ဟယ်လို လီရုန် ။ ဟာ အားလီလေးပါလား!လာပါအုံး ဦးဦးဆီကို!"

System Ah Li(Real Life)✔Where stories live. Discover now