Chapter 10 (သူ(or)Crush)

107 14 0
                                    

မိုးရေစက်လေးတွေကဂီတသံလို
အသံပေးလေတိုင်း၊မြစိမ်းရောင်သစ်ရွက်တို့
အပေါ်ဝယ် ကခုန်လေတိုင်း၊
ကောင်းကင်ပြင်ထက် လျှပ်ပန်းနွယ်တွေ လင်းလက်လေတိုင်း
သူ့ ကိုစချစ်ခဲ့​လေသော နေ့လေးကို
နှလုံးသားမှာတမ်းတနေစမြဲ....

သူမသိနိုင်ရုံမှတစ်ပါး

..... ..... ...

5.6.2021

မနက်ခင်းသည်သာယာခြင်းမရှိသလို
မိုးရွာရန်ဟန်လည်းမရှိ
မဖြူမညိုတိမ်တိုက်တွေက
နေရောင်ခြည်ကိုပိတ်ကာဆီးလျက်
ထိုင်းမှိုင်းခြင်းကိုပေးစွမ်း၏။

ကောင်လေးတစ်ယောက် ကောင်းကင်ကိုမျှော်ကြည့်ရင်း သူ့မျက်ဝန်းတွေက
တစ်စုံတစ်ရာကို​​ တမ်းတနေခြင်း။

ကျွန်တော်သူ့ကို တိတ်ဆိတ်စွာချစ်ခဲ့မိတာ
နှစ်နှစ်ကျော်ခဲ့ပြီ။
ဒီနေ့က ကျွန်တော်သူ့ကိုစချစ်မိတဲ့
June 5ရက်နေ့ ၊ ဒီနေ့မှာ မိုးသည်းထန်စွာရွာသွန်းစေချင်တယ်။
သူ့ကိုစချစ်မိခဲ့အချိန်ကအတိုင်း
အမှတ်ရနေချင်တာကြောင့်။

တစ်ချို့သောရက်တွေ
မိုးသည်းထန်တဲ့ရက်တွေဆိုရင် ရွာသွန်းနေတဲ့မိုးစက်၊မိုးမှုန်တွေကိုငေးရင်း
တာဆီးမရနိုင်တဲ့ မျက်ရည် တွေ
စီးဆင်းသွားခဲ့တယ်။
မိုးရွာတိုင်းဖြစ်လာတဲ့
အလေ့အကျင့်ထင်ပါရဲ့။

မိုးရာသီက အစပြုခဲ့ဖူးတဲ့ တစ်ဖက်သတ်အချစ်တစ်ခုကမိုးရာသီရောက်တိုင်း
နက်နက်ရှိုင်းရှိုင်း ရစ်ပတ်နှောင်တွယ်ခဲ့တာ
အခုဆိုကာလတစ်ခုကို ရောက်နေခဲ့ပါပြီ။

ကျွန်တော်သူ့ကိုတွေ့ချင်တယ်၊
ဒါကမဖြစ်နိုင်တဲ့အရာပါ။
မဖြစ်နိုင်တာကိုမှ လူတွေက
ဆန္ဒပြင်းပြကြတယ်မဟုတ်ပါလား
ကျွန်တော်အပါအဝင်။

သူကျန်းမာဖို့မျှော်လင့်ပါတယ်။
သူ့အတွက် အန္တရာယ် ကင်းပါစေ။
သူမသိပေမယ့် တစ်ဖက်သတ်ချစ်ရသူက
သူ့အတွက်စိုးရိမ်နေခဲ့ပါတယ်။

တစ်ခါတစ်ရံ တစ်ချို့သော အချိန်တွေမှာ
စဉ်းစားမိတာ ဘာလို့ များ
သူ့ကိုကြိုက်ခဲ့ရသလဲ၊
နာကျင်စွာချစ်မိခဲ့ရလည်းဆိုတာ။
အဖြေကတော့ နတ္ထိသာ...။

အကယ်၍ သူသာကျောင်းတက်နေခဲ့မယ်ဆိုရင် ကျွန်တော် တို့တွေ့ဆုံခဲ့ရဦးမှာပါ။
သို့သော် သူ့အတွက် အကောင်းဆုံးကာလကိုအချိန်မရောက်မချင်း
သူကျောင်းမတက်ဘူးထင်တယ်။

အချိန်ကာလကိုသာ ထိန်းချုပ်နိုင်ခဲ့ရင် အခုဖြစ်နေတဲ့ကပ်ရောဂါရယ်၊ တခြားသော အကြောင်းအရာတွေရယ်ကိုကျော်ပစ်ပြီး
သူနဲ့ဆုံတွေ့နိုင်မယ့် ကာလတစ်ခုကိုအလျင်အမြန်ရွှေ့ချင်တယ်။

စိတ်ကူးယဉ်မှုများ ၊ တမ်းတရမှုများနဲ့
တိတ်တခိုး တစ်ဖက်သတ်
ချစ်နေရခြင်းကို 15နှစ်အရွယ်
ကောင်လေးတစ်ယောက်
လက်ခံဆုပ်ကိုင်ထားခဲ့သည်။

သူ့ကို ချစ်သည်။
...... .... ....
JulyMoeSat 😔

He (Or)CrushWhere stories live. Discover now