.2.

313 72 13
                                    

Unicode

"ဘတ်ခ်ဟျွန်း..."

ကွန်ပျူတာနဲ့ဂိမ်းအသဲအသန်ဆော့နေရာကနေ အခန်းတံခါးလာဖွင်တဲ့ကိုငယ်ကြောင့် ကျစ်တစ်ချက်ဆုပ်လိုက်သည်

"ကျစ်!ဂိမ်းဆော့နေတုန်း အာရုံနောက်အောင်အခန်းထဲဝင်မလာပါနဲ့ဆိုကိုငယ်ရာ..."

"ငါသိပါတယ်...ဒါပေမယ့် မင်းအစ်ကိုကသူ့ကိုခဏလာတွေ့ပါဦးတဲ့"

"....."

"ဟေ့ကောင်ကြားလား"

"ကြားတယ်ဗျာ...ကြားတယ် ဟာဟာ...ရှေ့မှာ..ရှေ့မှာ...ပစ်လေကွာ...ငိုးမသားတွေနဲ့ဆော့ရတာ သေတော့မှာပဲ"

ဂိမ်းကိုအသဲအသန်ဆော့နေတဲ့ ဘတ်ခ်ဟျွန်းက အထက်တန်းဖြေထားပေမယ့် ကိုယ်ဘာမေဂျာလျှောက်ရမယ်ဆိုတာလဲ စိတ်မဝင်စား

ဒါတွေက ကံစေရာပဲ...ကံကပုံဖော်လိမ့်မယ်။ကျွန်တော်ဟာ ကံကိုယုံပြီးဆူးပုံနင်းမယ့်လူစားမျိုးဖြစ်တာကြောင့်ကံကောင်းခြင်းကံဆိုးခြင်းတွေအတွက်ရင်ထဲထည့်ပြီးခံစားနေမှာမဟုတ်ဘူး

ဘယ်အရာကမှ ရင်ဘက်ကြီးနဲ့ရင်းပြီးခံစားဖို့မှမတန်ဘူးလို့ပဲကျွန်တော်သတ်မှတ်ထားတယ် ။ဇာတ်ကားကြည့်ပြီးငိုတဲ့လူတွေ၊ဝတ္ထုဖတ်ပြီးငိုတဲ့လူတွေ၊တစ်ခုခုဆိုမျက်ရည်လွယ်တဲ့လူတွေကျွန်တော့်ပတ်ဝန်းကျင်မှာတွေ့ရင် ကျွန်တော်ဟားတိုက်ပြီးအော်ရယ်လိုက်ချင်တယ်...ဘယ်အရာကမှ တည်မြဲနေတာမဟုတ်ပါပဲ သူတို့က ဘာလို့နှလုံးသားကြီးနဲ့ရင်းပြီးခံစားနေသည်လဲ

ကျွန်တော်ကတော့ လူတိုင်းကို Negative sideကတွေးမယ်။ ကိုယ့်ကိုကိုယ်တောင်ယုံကြည်ဖို့ခက်တဲ့ဒီလောကကြီးမှာ ဘယ်သူတွေကကိုယ့်အပေါ် ကောင်းပေးနိုင်မှာမို့လို့လဲ...လူတိုင်းကအတ္တသမားတွေမို့ ကိုယ့်အတွက်ပဲကိုယ်ကြည့်ကြမှာ...ကိုယ်အဆင်ပြေဖို့ဆို သူများကိုခပ်ပြုံးပြုံးလေးနင်းတက်သွားကြမှာ...

ဒါကြောင့် ကျွန်တော်ဘယ်အရာကိုမှမယုံဘူး။

ကျွန်တော့်အလုပ်က လူတိုင်းကို Negative sideကတွေးမယ်။ဆိုးသွမ်းမယ်။စိတ်ထင်ရာလုပ်မယ်။မိုးလင်းပေါက်ဂိမ်းဆော့မယ်။ခပ်ချောချောကောင်မလေးတွေိကိုမခံနိုင်အောင်စမယ်။ကျွန်တော့်အကြိုက်ဆုံး စီးကရက်လေးကိုတစ်ချက်ဖွာပြီး ကျွန်တော်ဟာ ဟိုးအဆုံးထိစိတ်ထင်တိုင်းကြဲမည်

Strawberries And CigarettesWhere stories live. Discover now