[ Unicode ]
Lee Jeno's POV
လေပြေအေးတွေ ညင်သာစွာတိုက်ခတ်နေတဲ့ လမ်းမထက် စက်ဘီးကို ခပ်မှန်မှန်နင်းလာခဲ့တယ်။
လမ်းလေးတစ်ခုထဲကို ကွေ့ဝင်လိုက်တော့ တိုက်ပုလေးတွေက ကြိုဆိုနေတယ်။
အိမ်တစ်လုံးရှေ့မှာ စက်ဘီးရပ်လိုက်တော့ မျှော်နေသူဟာ ရှိမနေပြန်ဘူး။
ဒီကောင်လေး အခုထိဆင်းမလာသေးဘူး။
" Jeno လေးတောင်ရောက်ပြီပဲ ။ Ren လေးဟာလေ သူများကိုလာခေါ်ခိုင်းထားပြီးတော့ စောစောမလုပ်ဘူး။ သူ အိပ်ရာထနောက်ကျလို့ ..သားရေ "
" ရပါတယ် အန်တီ "
" ပြီးပါပြီ မားရ "
စူအောင့်အောင့်နဲ့ စက်ဘီးအနောက်ကိုတက်လာလေတယ်။
" သွားပြီ မားရေ "
သာလိကာက အရင်လို စကားမများလို့လှည့်ကြည့်လိုက်တော့ အစားစားနေတာများ ပလုပ်ပလောင်းနဲ့။
" မနက်စာမစားခဲ့ရလို့ ။ စားဦးမလား "
" မစားတော့ပါဘူးကွာ "
" ဘာလဲ ငါနောက်ကျလို့စိတ်ဆိုးနေတာလား။ တစ်ရက်လေး နောက်ကျမိတာကိုများ "
ကျွန်တော့်သူငယ်ချင်းပေါက်စက အဲ့လိုလည်းရစ်တတ်သေးတာဗျ။
" မဟုတ်ရပါဘူးဗျာ ။ တစ်ရက်မဟုတ်ဘဲ နေ့တိုင်းနောက်ကျလည်း ကျွန်တော်မျိုး ခြံရှေ့မှာစောင့်ပေးမှာပါခင်ဗျာ။ သေချာစားဦး uniform မှာ ပေကုန်ဦးမယ် "
" အင်းပါ မင်းသာမြန်မြန်နင်း "
●
" ဆရာ မလာသေးဘူး။ တော်ပါသေးရဲ့ "
ခုန်ဆွခုန်ဆွနဲ့ အခန်းထဲအပြေးဝင်သွားတော့ တစ်တန်းလုံးက သူ့ကိုဝိုင်းနှုတ်ဆက်ကြတယ်။
Huang Renjun က social butterfly လေးလေ။
အခန်းထဲမှာတော့ ကျွန်တော်နဲ့သူ အတူမထိုင်ဘူး။
" အသာကြည့်ပါကွာ ။ မျက်လုံးကြီးလည်း Renjun ဆီသွားကပ်နေဦးမယ် "
YOU ARE READING
Can I Call You Mine ? (Completed )