အပိုင်း(4) uni

1.6K 117 0
                                    


🌿The legend of the blue sea

အပိုင်း(4) သူမကအရမ်းလှတယ်

ရေနန်းတော်ရဲ့ကုသဆောင်တနေရာမှာ အရိုးပြိုင်းပြိုင်းသာရှိတဲ့အရာတစ်ခုကတိတ်ဆိတ်ငြိမ်သက်စွာလှဲလျောင်းလို့နေတယ်

"အရှင် ဒီအရာကကုန်းလူသားဖြစ်ပြီး ဒီအမှတ်အသားကတော့ ကုန်းပေါ်ကမှော်နက်လူမျိုးစုရဲ့ကျိန်စာပါ အာ....တော်တော်ရက်စက်တာပဲ အမှန်ဆို ဒိလူသားကသေသင့်တာကြာနေပါပြီ ဒါပေမဲ့ ကျိန်စာက သူ့အသက်ကိုဆွဲဆန့်ထားပြီး မသေနိုင်အောင်လုပ်ထားတယ် အသက်ရှိစဉ်မှာ တမြေ့မြေ့နာကျင်လွန်းမကနာကျင်စေချင်တာဖြစ်ပါမယ်
ရေထဲကျလာတော့ အခုလိုအရိုးစုသာသာပဲရှိတော့လောက်အောင် အသားတွေကို ငါးတွေကစားပစ်လိုက်တာ တွေးကြည့်ရင် ဒီကျိန်စာကတော်တော်ကြောက်ဖို့ကောင်းတာပဲ "

နတ်ဆရာဖြစ်တဲ့ နဂါးနက်က ရေဘုရင်ကိုပြောလိုက်တယ်

"ကုလို့ရလား "

"ရပါတယ်အရှင် "

"ဒါဆိုကုပေးလိုက်ပါ "

"အရှင် ! "

"ကိုယ်တော်သိတယ် ဒီကုန်းလူသားက ကိုယ်တော်တို့ထဲကတစ်ယောက်ဖြစ်လာလိမ့်မယ်"

"ယုံကြည်ရပါ့မလား အရှင် "

"စိတ်မပူပါနဲ့ တကယ်လို့ အဲ့ဒီအရာကအရမ်းဆိုးဝါးတဲ့အရာရလာရင် ဒီနယ်နမိတ်ရဲ့အပြင်ကိုမောင်းထုတ်လိုက်ရင်ရတာပဲလေ အဲ့ဒိအရာက အပြင်မှာ အသက်ရှင်မ‌ေနနိုင်လောက်ပါဘူး"

ရေဘုရင်ရဲ့စကားကိုနဂါးနက်ကထောက်ခံလိုက်တယ်

ဟုတ်တာပေါ့

သူတို့လိုရေလူသားတွေတောင် မကျွမ်းကျင်တာ ကုန်းပေါ်လူဆိုရင်ပိုဆိုးမှာ

အဲ့ဒီလိုနဲ့ အရိုးစုသာသာပဲရှိတော့တဲ့ ဘုရင်မဟာ ကယ်တင်ခြင်းခံလိုက်ရလေတယ်

သူမကို တနှစ်တိုင်တိုင်ကုသပေးခဲ့တယ်

ကျိန်စာကိုလဲခြေဖျက်လိုက်နိုင်ပြီး သူမမှာလှပတဲ့အပြာနုရောင်အမြှီးတခုလဲဖြစ်ပေါ်လာခဲ့တယ်

သူမနားအောက်မှာရေယက်အချို့နဲ့ သူမရဲ့ခါးအောက်ပိုင်းကငါးတပိုင်းလို ခန္ဒာကိုယ်ကြောင့် သူမဟာ အခုထိသတိမရသေးပေမဲ့လဲ သူမရဲ့အသားတွေကတော့တဖြေးဖြေးချင်းပြန်လည်ပြည့်တသ်းလာခဲ့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalTahanan ng mga kuwento. Tumuklas ngayon