Uncover 10

2.3K 326 30
                                        

လက်နှစ်ဖက်ကိုဘေးဆန့်တန့်ကာ ခန္ဓာကိုယ်ကို တွန့်လိမ်ရင်း ပျင်းကြောဆန့်နေသူက အိပ်ယာအကျယ်ကြီးပေါ် တစ်ယောက်တည်းနေရာယူထားသေးသည်။
ဘေးမှာလည်း ရှုပ်ပွနေတဲ့စာအုပ်တွေ ၊ ခဲတံတွေနဲ့ ။

ဘတ်ဟျွန်းအခန်းထဲဝင်လာကာ
​ကြမ်းပြင်ပေါ်ပြုတ်ကျနေတဲ့ခေါင်းအုံးကို ကောက်ယူလိုက်ပြီး ဆက်လာတော့ မှောက်ရက်အိပ်နေတဲ့လူက အိပ်ယာတစ်ခုလုံးကို မောင်ပိုင်စီးထားတာများ ။ ဘတ်ဟျွန်းတစ်ယောက်တည်း ရှိခဲ့တုန်းက ပွရှုပ်တာမရှိဘဲ သပ်သပ်ရပ်ရပ်ဖြစ်ခဲ့သလောက်
အခုအခါမှာတော့.. ၊ ပြုတ်ကျတဲ့ခေါင်းအုံးက ပြုတ်ကျ လိပ်နေတဲ့အိပ်ရာခင်းနဲ့ ဖြစ်ချင်သလိုဖြစ်နေသည်။ အိမ်ရောက်တာ နှစ်ရက်ပဲရှိဦးမယ်။ ဖြစ်ချင်တိုင်းဖြစ်နေပြီး အိမ်ကိုဇောက်ထိုးလှန်ချင်နေတာလားမသိ။

”ဘတ်ဟျွန်း ”

ပက်လက်လှန်လာတာက မျက်လုံးသေတွေနဲ့ ။

”စာလုပ်မယ်ဆိုတာ ကိုယ်နားကြားမှားခဲ့တာတော့ မဟုတ်ဘူးမလား ”

စာလုပ်မယ်ဆိုပြီး ​ပြောခဲ့တာ လွန်ခဲ့တဲ့ ဆယ်မိနစ်ကစကား။ ဘတ်ဟျွန်းအခန်းထဲကမထွက်သွားခင်ထိတော့ အေးဆေးစာလုပ်နေတာပါ ။
ဆယ်မိနစ်နေလို့ ပြန်ဝင်လာတဲ့အခါမှာတော့ ဒီလို ဒီပုံဖြစ်နေတာပင် ဖြစ်၏ ။

”ဒီဇိုင်းက ဘာမှစဥ်းစားမရဘူး
ကျွန်တော် စာမေးပွဲကျတော့မယ်ထင်တယ် ”

”ကျရင်တော့ ဂျောင်းနော်
ကိုယ်ရှာ‌ကျွေးမှာ မဟုတ်ဘူး ”

”မကောင်းတဲ့ အရိုင်းအစိုင်းပဲ ဗြောင်ဘတ်ဟျွန်းက ”

ငိုသံပါကြီးနဲ့ပြောလာတာကို ဘတ်ဟျွန်းကခပ်ပြတ်ပြတ်ပြောတော့ ချက်ချင်းစိတ်တိုလာတဲ့ နဂါးကောင်က ဒုန်းခနဲ ထထိုင်လာပြီး မျက်စောင်းထိုးကြည့်လာ၏ ။
ပိုက်ထားတဲ့ခေါင်းအုံးကို အိပ်ရာပေါ်ပစ်တင်လိုက်တဲ့အထိ မျက်စောင်းကို လက်ခံရနေတုန်းပါ။

”ရေတိုက် ...ရေဆာတယ် ”

ဆောင့်ဆောင့်အောင့်အောင့်ပြောလာခြင်းဖြစ်၏ ။ ဘတ်ဟျွန်းမျက်ခုံးပင့်လိုက်မိသည်။
ကြည့်လိုက်တော့ ရေကရားသည် ချန်းယောလ်အနားမှာပင်ရှိတာဖြစ်ပြီး ဘတ်ဟျွန်းနဲ့ ဘာမှမဆိုင်တဲ့အထိ ကွာဝေးသည်။

Uncover <Completed>Where stories live. Discover now