အပိုင်းး၁၉

420 35 2
                                    


               - အဝေရာ လိုက်ခဲ့ပါနော် မင်းကလည်း ငါ‌တစ်ယောက်တည်း ဘယ်လိုသွားမလဲ
            - အကိုမြတ်ကလည်း အဝေအိမ်အလုပ်တွေကူလုပ်ပေးရအုံးမယ် ပြီးတော့အဝေ သင်တန်းအိမ်စာလည်းလုပ်ရအုံးမှာလေ
           
            - အပိုတွေ‌ပြောမနေနဲ့ မင်းအိမ်စာကသောကြာ‌ေန့မှပေးကမှာ ဒီနေ့မှအင်္ဂါဘဲ ရှိသေးတယ်လေ အချိန်တွေအများကြီးးကျန်သေးတယ်
          
            - အဝေအိမ်စာတွေကို တခြားနေ့တွေ လုပ်လို့ရတယ်ထားပါအုံး အကိုမြတ်ကကော ဒီရုပ်ရှင်လေးကြည့်ဖို့ နေမကောင်းချင်ယောင်ဆောင်ပြီး ကျောင်းပျက်တာ မကောင်းဘူးလေပြီးတော့ ဦးလေးသိရင်အဝေပါဆူခံရမှာပေါ့
           
            - ဆူမခံရပါဘူးကွာ ငါဘိုးတော်မသိဘူး ဖွားဖွားကိုငါပိုင်ပါတယ် လိုက်ခဲ့ပါနော် ငါကြည့်ချင်လို့ပါနော် နော် အဝေရာ

အဝေတကယ်စိတ်ညစ်ပါတယ်  မရမက အကိုမြတ်က အတင်းပြောတော့မှာ အခုလည်းကြည့် သူနဲ့အတူအပြင်ထွက်ပေးဖို့အတွက်နဲ့ အဝေဘေးနားကနေ ပူညံပူညံလုပ်ပြီးအ၀တ်တွေကူလှန်းပေးနေတာ

           - အကိုမြတ် သူငယ်ချင်းတွေပြောကြည့်လေ
           - အဝေရာ သူတို့ကိုလိုနေရင် မင်းကိုငါမခေါ်ဘူး  မင်းမလိုက်ရင် ငါတကယ်‌နေ‌မကောင်းဖြစ်အောင် ရေချိုးခန်းထဲ တစ်နေ့လုံးသွားထိုင်နေမှာနော်
           - ကြည့် အကိုမြတ်ကလေ အဝေကိုဆို အနိုင်ကျင့်တယ် ကလေးကျနေတာဘဲ အဝေကပြန်ထိန်းနေရတယ်
           - ‌မင်းတော်တော်ရှည်တာဘဲ မင်းမလိုက်ဘူးဆို ငါမင်းနားမှာဘဲနေပြီး တစ်နေ့လုံး မင်းကိုကြိုက်ကြောင်းဘဲပြောနေမှာ‌နော်
          
           - ဟာ အကိုမြတ်ကလည်းးးး း အဝေလိုက်တယ်ထားအုံး ဒီအ၀တ်တွေဘယ်လိုလုပ်မလဲ
           - မပန်းရှိတယ်လေ ငါနောက်လိုက်မှာဘဲ မင်းကိုတစ်ယောက်မှမပြောရဲပါဘူး အချိန်တွေကြာနေပြီနော် ငါတကယ်ရီးစားစကားပြောနေတော့မှာ

         - ‌ဟာ  အဝေလိုက်ခဲ့မယ် ရပြီလား မပြောနဲ့တော့ ခနစောင့် အဝေ ကြီးမြကိုသွားပြောလိုက်အုံးမယ်
       
         - မပြောနဲ့တော့ငါပြောထားပြီးပြီ မင်းအ၀တ်အစားလဲလိုက် ရုပ်ရှင်သွားကြည့်ပြီးမုန့်စားမှာနော် ယဉ်ကျေးလိမ္မာသင်တန်း သွားတက်မှာမဟုတ်ဘူး ပုဆိုးတွေ၀တ်မလာနဲ့
        
         - ဟုတ်ကဲ့

    အဝေရဲ့သူ   [Completed]Donde viven las historias. Descúbrelo ahora