" တီ.... တီ.... တီ..... တီ.... '' ph alarm ကို momo ပိတ်လိုက်ကာအိပ်ရာထဲမှ အတင်းထလိုက်သည် ။ ဒီနေ့က monday ဆိုတော့သူမအလုပ်ဆင်းရမည့်နေ့ဖြစ်သည် ။
နာရီကိုကြည့်လိုက်တော့ 5:00 am......
ဒါက အလုပ်ရှိတဲ့ရက်တွေဆိုသူထနေကျအချိန်ပေါ့.....
မနက် 6 နာရီဆိုဖွင့်တဲ့ coffee ဆိုင်လေးကိုသွားဖို့က ဒီအချိန်ထမှ မှီမှာလေ....Momo လည်းရေနွေးနွေးလေးနဲ့ ရေအမြန်ချိုးလိုက်သည် ။ ဂုတ်ထောက်နေသည့်ဆံပင်
ကိုဘီးနဲ့မဖြီးတော့ပဲ လက်ချောင်းနဲ့ထိုးဖွလိုက်သည် ။အသားရောင် shirt တစ်ထပ်ကိုဝတ်လိုက်ပြီး အပေါ်မှအနက်ရောင် hoodieတစ်ထည်ထပ်ဝတ်လိုက်သည် ။ ဘောင်းဘီအနေနဲ့လည်း အနက်ရောင်ခပ်ပွပွဘောင်းဘီရှည်ကိုသာ
ဝတ်လိုက်သည် ။ လွယ်နေကြပိုက်ဆံအိတ်လေးကို သိုင်းလွယ်လိုက်ပြီး ဆိုင်ကယ်ဦးထုတ်ဆောင်းကာ အောပ်ထပ်သို့ခြေသံဖွဖွဖြင့် ဆင်းလာခဲ့သည် ။ဆိုင်ကယ်ဆီ ရောက်ခါမှမတင်မကျဖြစ်နေသောစိတ်ကြောင့် momo အိမ်ထဲသို့တစ်ခေါက်ပြန်ဝင်လာခဲ့သည်.......
Dahyunအခန်းဆီကိုခြေသံလုံလုံဖြင့်သွားကာအခန်းထဲသို့ချောင်းကြည့်လိုက်သည်
စောင်က ကိုယ်ပေါ်ကကွာကျနေသောကြောင့်
မနေထိုင် မထိုင်နိုင်ခြေထောက်များက အခန်းထဲသို့ရောက်ရှိသွားခဲ့သည်......ကွာကျနေသောစောင်လေးကို သေချာပြန်ခြုံပေးလိုက်တော့ အမကြီးကစောင်ပုံထဲတွင်နစ်နေကာ မသိရင် ပိုးတုံးလုံးလေးနဲ့တူနေသည် ။
** အမကလေ တကယ်ချစ်စရာလေး **
ကိုယ့်အတွေးကို ပြန်ပြုံးမိသွားကာ ဆိုင်ကယ်ဆီသို့သာပြန်လာလိုက်ပြီး coffeeဆိုင်ကိုဦးတည်လိုက်သည် ။
ဆိုင်ကိုရောက်တော့ သော့မဖွင့်ရသေးတာကြောင့် အမြဲနောက်ကျတက်သောဆိုင်ပိုင်ရှင်တဖြစ် သူငယ်ချင်းလေးကိုph ဆက်ကာလှမ်းနိုးရသေးသည် ။
ဆိုင်တံခါးကိုဖွင့်လိုက်ကာ စတိုခန်းထဲဝင်ပြီး အေပရွန်အနက်ရောင်လေးဝတ်လိုက်သည် ။ ဆိုင်ပိုင်ရှင်အမတော်လေးရောက်မလာသေးခင် စားပွဲတွေဖုန်သုတ် ၊ သူ့ ပန်းချီကားတွေ နေရာချနဲ့ momo အလုပ်ရူပ်နေသည် ။ ကျန်တဲ့သူတွေလည်း ခိုင်းလို့မရပါ......
ဒီဆိုင်မှာ အလုပ်သမားဟူ၍သူပဲရှိသည်...
YOU ARE READING
ခြွေ 🍂(ခွှေ)
Fanfictionချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မပြောခဲ့ရုံလေးပါပဲ..... ပါးစပ်ဖွင့်မပြောပဲ သူသိအောင်လည်းကြိုးစားခဲ့ဖူးတာအကြိမ်ကြိမ်ပါ..... အကြင်သူက မရိပ်မိခဲ့တာထင်ပါတယ်လေ.... 🌫 Unicode ချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မ...