Chapter - 72

3.9K 720 13
                                    

Unicode

ရသာမဲ့ဘဲလည်ပင်း
________________

ယခုတော့ဖြင့် လင်ရှုယီတစ်ယောက် ကလေးမွေးစားချင်စိတ်ရှိနေတောင် သူ့တွင် အချိန်မရှိတော့ပါချေ။ အကြောင်းကား ရှီချင်စားသောက်ဆိုင်ဖွင့်ပွဲနေ့က တဖြည်းဖြည်းနီးကပ်လာခြင်းကြောင့်ဖြစ်ပါ၏။

ရှောင်ဝမ်က သူမရဲ့ဝေ့ပေါ်ပို့စ်ကို ဖျက်လိုက်ပြီဖြစ်ပေမယ့် လင်ရှုယီတို့နှစ်ယာက်ရဲ့လတ်တလောအကြောင်းအရာတွေနဲ့ ရှီချင်စားသောက်ဆိုင်က တကယ်ဖွင့်မှာလားဆိုတာကို သူမဆီ စာပို့ပြီးမေးနေကြသူတွေရှိကြောင်းပြောဖို့ လင်ရှုယီကို ဖုန်းဆက်လာသည်။

ရှန်ဖူကတော့ အတော်လေးစိတ်ညစ်နေရှာသည်။ ဒီကိစ္စက အခုထိမပြီးသေးဘူးလားကွာ?

ဒါပေမယ့် ဒါလည်း ကောင်းတာပဲ။ သူတို့ ကြေညာခတွေချွေတာလို့ရပြီး ဆိုင်က လူအတော်များများကို ဆွဲဆောင်မယ်ပုံ။ သို့သော်ငြား လင်ရှုယီကတော့ အလုပ်များလွန်းလို့ ဒီနှစ်ရက်အတွင်းမှာ သူ့ခြေထောက်တွေက မြေကြီးနဲ့ကိုမထိပေ။

သူက ကုန်စုံဆိုင်ပိုင်ရှင်ကို သူ နေ့တိုင်းဘာတွေလိုမယ်ဆိုတာ အသေအချာပြောပြပေးရသည်။ သီးသန့်စားသောက်ဆိုင်က အရေအတွက်ကို ကျော်ဖြတ်မှာမဟုတ်ပေမယ့်လည်း ဘယ်ဟင်းတွေက လူကြိုက်များပြီး ဘယ်ဟင်းတွေက လူကြိုက်မများဘူးဆိုတာက လင်ရှုယီဆုံးဖြတ်တာမဟုတ်ပေ။ ဒီနေ့မှာစားသုံးသူတွေက ဒီဟင်းလျာကိုစားရတာပိုကြိုက်ပေမယ့် မနက်ဖြန်မှာစားသုံးသူတွေက ဟိုဟင်းလျာကိုစားရတာ ပိုကြိုက်တာမျိုးလည်းဖြစ်နိုင်သည်။ ဒါကြောင့် ဟင်းပွဲတွေအားလုံးရနိုင်တယ်ဆိုတာကို သူ သေချာအောင်လုပ်ရမည်ဖြစ်သည့်တိုင် ရိက္ခာတွေအများကြီးလည်း မဝယ်ချေ။ သူတို့သာ တစ်ချက်တည်းနဲ့ အကုန်မရောင်းနိုင်ရင် နှစ်ရက်ကြာပြီးနောက်မှာ ဒါတွေက လတ်ဆတ်တော့မှာမဟုတ်တာကြောင့်ပင်။

ကုန်စုံဆိုင်ပိုင်ရှင်က လုံးဝစိတ်မရှည်မဖြစ်ပါချေ။ သူက လင်ရှုယီကပြောပြပြီးသွားပြီး လိုအပ်တာတွေကို မှတ်သားထားပြီးမှ မှာပေးတာဖြစ်သည်။ သူတို့ အမြဲမရောင်းတတ်တဲ့အသီးအရွက်တွေနဲ့ တစ်ခါမှမရောင်းဖူးတဲ့အသီးအရွက်တွေ အများကြီးပါတာကြောင့်လည်းဖြစ်သည်။

I'm a Chef in the Modern Era [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin