Customer များနှင့် Jimin အလုပ်ရှုပ်နေစဉ်အတွင်း ပန်းဆိုင်မှကောင်လေးတစ်ယောက် စတော်ဘယ်ရီလုံးလေးအတွက် ဆိုပြီး လာပို့သွားခြင်းဖြစ်ကာ ဘယ်သူပို့လိုက်တာလဲဟု မေးရန်မလို...။
ကော်ဖီလိုက်တိုက်ပြီးတဲ့နောက်
ရောင်စုံပန်းစည်းများ တနေ့တစည်းပို့ကာ
တခါတလေ Post Card လေးဖြင့် site တစ်ခုကြောင့် နယ်ဘက်ခဏရောက်နေရ၍ လာမတွေ့နိုင်ခြင်းအား ခွင့်လွှတ်ရန်တောင်းပန်သေးသည်..။ခွင့်လွှတ်ရအောင် သူနဲ့ကိုယ်နဲ့ဘာဆိုင်လို့လဲ...။
အင်ဂျင်နီယာလည်းဆိုသေး
နေ့စဉ်နေ့တိုင်း ပန်းစည်းပို့ကာ ပိုးပန်းရသည်အထိ အားအားယားယားစီစဉ်နိုင်သေးသော သကြားခဲလိုလူအား ဒေါသဖြစ်မိသည်..။ဒီပန်းစည်းကြီးရောက်လာတိုင်း ခင်မင်နေသော/မခင်မင်ပဲပန်းချီကားဝယ်ရန်ရောက်လာသော လူအပေါင်းတို့ဆီမှ အားကျသော မျက်လုံးများအပြင်ဘယ်သူပို့လိုက်တာလဲ ဟူ၍ စိတ်ဝင်တစားစပ်စုသူများလည်း အများသားပင်...။
Namjoon Hyung ကပင် ရည်းစားရနေပြီလား ဟု မေးလာတဲ့အထိ...။
Jimin လည်းအရွယ်ရောက်ပြီးသော ယောက်ျားတစ်ယောက်မို့ သကြားခဲလိုလူ၏စိတ်ကိုသိပါသည်..။
Jimin ကို သဘောကျနေတယ်ဆိုတာ....။
ကိုယ့်ထက်လည်းကြီးပုံရပေမဲ့
ကလေးကလားပန်းစည်းပို့ပြီး ချဉ်းကပ်တာကတော့ မဟုတ်သေးဘူးထင်သည်...။အခုတလော သူ့ရဲ့ပန်းစည်းများကြောင့် ကိုယ့်ကို လူတွေ စိတ်ဝင်စားနေကြတာမဟုတ်လား...။
ဖုန်းဆက်ပြီး နောက်နေ့တွေပန်းစည်းမပို့တော့ဖို့ ပြောရမည်။
နေပါဦး .... ဖုန်းဆက်မယ်ဆိုမှ သူ့ Visiting Card ကို ဘယ်နားထားမိပါလိမ့်....။
အဲ့နေ့က ဆိုင်ကိုပြန်ရောက်ရောက်ချင်း counter က အံဆွဲထဲ ထည့်လိုက်တာ မဟုတ်လား...။
Counter နောက်ကိုဝင်လိုက်ကာ အံဆွဲလေးထဲရှာနေတုန်း ဖုန်းဝင်လာလေသည်.။
🎼Just love me love you.....🎼
ဖေဖေ..။
ဖေဖေသည် Jimin ဒီကိုရောက်လာကထဲက ဖုန်းတခါမှမဆက်ခဲ့ဖူး..။

YOU ARE READING
I hate you, I love you [Complete]
Fanficစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤