ပထမဆုံးသော အိမ်ပြောင်းခြင်း ဖြစ်တာကြောင့် နှင်းဇာမဏီ တစ်ယောက် စက်ဘီးတစ်စီးဖြင့် ရပ်ကွက်ထဲ လှည့်လာခဲ့သည်။တိတ်ဆိတ်ငြိမ်သက်သော ရပ်ကွက်လေးကို သဘောအကျကြီး ကျနေလေသည်။
သင်္ကြန်တွင်းရောက်တော့မည်ဖြစ်တာကြောင့် ရပ်ကွက်ရှိ ပိတောက်ပင်များမှ ပိတောက်ဖူးဝါလေးများ လမ်းတစ်လျှောက် စက်ဘီးဖြင့် ငေးမောစဖွယ်ကောင်းသည်။လက်ကနာရီကို ကြည့်လိုက်မိတော့ ညနေ(၄)နာရီ။အိမ်ပြန်မည်ဟု သုတ်ခြေတင်ကာ အိမ်အသစ်ရှိသော ရပ်ကွက်ထဲအကွေ့ လူတစ်ယောက်ကို တိုက်မိလေသည်။
ဂါဝန်ရှည်လေးဝတ်ဆင်ထားသော သူမသည် ဆံနွယ်ရှည်များနှင့် ကဗျာဆန်ချင်သယောင်။စက်ဘီးဖြင့် ဝင်တိုက်မိသည့် တရားခံက ကိုယ်ဖြစ်သည်ကြောင့် စက်ဘီးကိုဒေါက်ထောက်ကာ အလျှန်အမြန် ပြေးထူရသည်။ထို့နောက် သူမ လက်ထဲမှ ပြုတ်ကျသွားသော စာအုပ်လေးတွေ ကောက်ပေးတော့ သူမကပင် ကျေးဇူးတင်စကား စပြောလေသည်။
"ကျေးဇူးပါ အကို"
သူမပြောလိုက်တာကြောင့် မျက်ခုံးတချက် ပင့်မိသွားသည်။မိဘများကို မိနိးကလေးကိုသာ သဘောကျပါတယ်လို့ ဖွင့်ဟဝန်ခံထားသော သူသည် ဝတ်ဆင်သည်ကလည်း ယောက်ျားတစ်ယောက်လိုသာ။ထို့ကြောင့် သူမရဲ့အမြင် မှားသွားသည်ဖြစ်မည်။"ဘယ်နားများ ထိခိုက်သွားသေးလဲ ကလေးမ"
သူ့ထက် ငယ်သည်ထင်၍ ကလေးမဆို၍ သုံးနှုန်းလိုက်သည်။သူ့ကို မော့ကြည့်သော မျက်လုံးဝိုင်းများက စူးစမ်းနေသယောင်။ယောက်ျားလို ဘယ်လောက်ပဲဝတ်စားပါစေ အသံက မိန်းကလေးတစ်ယောက် အသံဖြစ်နေစမြဲ။
"ကိုယ်က Tom တစ်ယောက်။အဲ့ဒါကို နားလည်လား"
အခုခေတ်က lgbt တွေများပြားလာသည်ကို သိသော်လည်း ထိုကလေးမ နားမလည်မည်စိုး၍ မေးလိုက်တော့ ခေါင်းတဆက်ဆက်ငြိမ့်ပြသည်။
"ဘယ်နားခိုက်မိသေးလဲဟင်"
ခုနကမေးသော မေးခွန်းကို ထပ်မေးလေတော့ ခေါင်းလေးသာ ခါပြသည်။စကားလေးပြောဖို့တောင်ကပ်စေးနဲတဲ့ ကလေးမပဲ။