Chapter 14: မလိုလားအပ်တဲ့ ပြဿနာတွေ/ မလိုလားအပ္တဲ့ ျပႆနာေတြ

683 116 3
                                    

 
နွေဦးပြိုင်ပွဲရဲ့ပထမဆုံးနေ့မှာ Min နဲ့ ငါဟာ ဘိုးဘိုး၊ ဦးလေးZedong တို့နဲ့အတူတူ ဘိုးဘိုးရဲ့ မိတ်ဆွေတွေနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံဖို့အတွက် ဘိုးဘိုးတို့နောက် လိုက်လာခဲ့တယ်။ ငါက မြှားပစ်တာနဲ့ ပန်းချီဆွဲပြိုင်ပွဲတွေကို ဝင်ပြိုင်မှာဖြစ်တာကြောင့် လေးအတတ်နဲ့ ပန်းချီကျင်းပမဲ့ တတိယမြောက်နေ့နဲ့ ပဉ္စမမြောက်နေ့အထိ စောင့်ရပါမယ်။ Min ရဲ့ ပြိုင်ပွဲတွေကတော့ ဒုတိယနေ့နဲ့ဆဋ္ဌမ နေ့အထိ ကျင်းပအုံးမှာ မဟုတ်ဘူး။

ဘိုးဘိုးနောက်ကိုလိုက်နေရင်းနဲ့ ငါဟာ Zhouမိသားစုက ငါ့တတိယဦးလေးနဲ့အကြီးဆုံးဦးလေးတို့ရဲ့တဲကို မတော်တဆ သတိထားမိသွားတယ်။ နောက်ပြီး ငါ့ဝမ်းကွဲတွေက အမဲလိုက်ပွဲအတွက် ပြင်ဆင်နေကြတာကိုလည်း တွေ့မိတယ်။ တတိယဦးလေးက ငါ့ကိုမြင်တော့ ငါ့ရဲ့တည်ရှိမှုကို မသိယောင်ပြုပြီး ခေါင်းကိုဟိုဖက်လှည့်သွားတာကို ငါ သတိပြုလိုက်မိတယ်။ သူ့ရဲ့ပင်ကိုစရိုက်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရတော့ ငါ အေးစက်သွားသလို ခံစားရတယ်။ ပြီးတော့၊ အကြီးဆုံးဦးလေးနဲ့ ဝမ်းကွဲတွေကလည်း ငါကပဲ သူတို့အပေါ်ကို အပြစ်လုပ်ထားသလိုမျက်လုံးမျိုးနဲ့ ငါ့ကို တစ်ပုံစံတည်း လှမ်းကြည့်နေကြတယ်။

" ဘာတွေဖြစ်နေတာလဲဟင်? သူတို့က ဘယ်သူတွေလဲ? ''

Minက ငါ့ဘေးနားမှာ ရှိနေတာကြောင့် ခပ်ဝေးဝေးက အကြည့်စူးစူးတွေကို သူကလည်း သတိပြုမိသွားတယ်။

" သူတို့က Zhouမိသားစု ကလေ..... ''
    

" Zhou တွေလား? "

အရင်တုန်းက ငါရဲ့မျိုးရိုးနာမည်က Zhouမှန်း Min သိနေခဲ့တယ်။ ဒါ့အပြင်ဘိုးဘိုးနောက်ကို လိုက်သွားနိုင်ဖို့အတွက် ငါ့အဖေရဲ့မျိုးရိုးဖြစ်တဲ့ Zhouမျိုးနွယ်ကို စွန့်လွှတ်ခဲ့မှန်းလည်း သူ သိပါတယ်။ ဒါကလျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ခဲ့ဘူးလေ။ Jingပြည်နယ် က လူအတော်များများက ဒါကိုသိကြတယ်။ ငါ့ဘိုးဘိုးက ငါ့ရဲ့ မိသားစုနောက်ခံကို ဘယ်တုန်းကမှမဖုံးကွယ်ထားခဲ့ဖူးဘူး။ ဘိုးဘိုးက လူတစ်ယောက်ရဲ့နောက်ခံကို ဘယ်တုန်းကမှ ဂရုမစိုက်ဘူး - လူတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကသာ အရေးအကြီးဆုံးပဲ တဲ့လေ။

Rebirth of Fa Wei Lan {Myanmar Translation}Donde viven las historias. Descúbrelo ahora