Save the date (12.10.21)
Feng Yin Tian Xia
အပိုင်း (၄၅) အိမ်ရှေ့စံအား ရူးရူးမိုက်မိုက်ရိုက်နှက်ခြင်းဟွားကျူ့ယွီ ခဏတာမျှ ကြောင်သွား၏၊ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သူမ မယုံကြည်နိုင်ခဲ့ဘူး၊ သို့သော် သူမရဲ့နှုတ်ခမ်းသားတွေပေါ်ကနွေးထွေးမှုက တကယ့်ကိုစစ်မှန်ပြီး မေးခွန်းထုတ်၍မရအောင်ဖြစ်နေတော့သည်။
သူမ အသေအလဲဒေါသထွက်သွား၏၊ သို့သော် ရှောင်ယင်က သူမကို တင်းတင်းကျပ်ကျပ်ဖက်ထားတာမို့ သူမ သူ့ကို တွန်းမထုတ်နိုင်ခဲ့ဘူး။ သူ့ရဲ့နံရိုးအောက်ကအကြောကို ပိတ်ပစ်လိုက်ဖို့ပဲ သူမ ကြိုးစားနိုင်တော့တယ်။ ရှောင်ယင် တကယ်ပဲ မူးနေတာဖြစ်လောက်တယ်၊ သူမ ရောက်တတ်ရာရာချိန်ရွယ်လိုက်ပေမဲ့ အမှန်တကယ်ပဲ သူ့ရဲ့အကြောကို ပိတ်ပစ်နိုင်ခဲ့တယ်။ သူမကိုပွေ့ဖက်ထားတဲ့လက်မောင်းတွေဟာ လျော့ရဲသွားပြီး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ မြက်ခင်းပြင်ပေါ်သို့ လေးလံစွာ နောက်ပြန်လဲကျသွားတော့သည်။ သူ သတိလစ်သွားတာလား ဒါမှမဟုတ် မူးနေတာကြောင့်လားဆိုတာ သူမ သေချာမသိခဲ့ပေမဲ့ ရမ္မက်အပြည့်နှင့်သူ၏မျက်ဝန်းတစ်စုံကတော့ တဖြည်းဖြည်းချင်း ပိတ်လို့သွားသည်။
ဟွားကျူ့ယွီ ချက်ချင်း လက်ကိုပင့်မြှောက်ပြီး သူ့ကိုထိုးတော့သည်။
သူမ သူ့ကိုရိုက်နှက်ပစ်ချင်နေတာ အတော်ပင်ကြာပြီ၊ သူမကို ပြည့်တန်ဆာတဲအိမ်ထဲ ပို့လိုက်တဲ့အချိန်ကတည်းကပဲ၊ သူမရဲ့လက်ချောင်းတွေကိုချိုးပစ်လိုက်တဲ့အချိန်တုန်းကရော၊ နောက်ပြီး သူမကို ပြည့်တန်ဆာလို့ခေါ်တဲ့အချိန်တိုင်း သူ့ကိုကောင်းကောင်းကြီးရိုက်နှက်ပစ်ချင်ခဲ့တာ။ သို့သော် သူမက သူ့ရဲ့အကူအညီကိုလိုအပ်နေသေးတာမို့ သည်းခံနေခဲ့တာဖြစ်သည်။ သို့သော် ယနေ့ညမှာတော့ သူမ ထပ်ပြီးသည်းမခံနိုင်တော့ဘူး။
မူးရူးအောင်သောက်ပြီး သူမကိုအခွင့်ရေးယူရဲတယ်ပေါ့၊ ဒီလိုပုံစံမျိုးက အရိုက်မခံသင့်ဘူးလား?
လက်ကိုကျစ်ကျစ်ဆုပ်ပြီး ရှောင်ယင်ကို လေ့ကျင့်ခန်းလုပ်သည့်သဲအိတ်ပမာသဘောထားကာ သူ့ရဲ့ပါးစပ်ထဲကနေ သွေးတွေစီးကျလာတဲ့အထိ သူမ အလောတကြီးထိုးပစ်လိုက်တယ်။ အဆုံးသတ်အချိန်ထိ သူမရဲ့ဒေါသတွေ မပြေသေးတာမို့ သူ့ကို ခြေထောက်နဲ့ထပ်ကန်လိုက်သေးသည်။

ESTÁS LEYENDO
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Ficción históricaFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...