ဒဏ္ဍာရီတွေထဲမှာ ချစ်ခြင်းကိုဘယ်လိုတုံ့ပြန်ခဲ့ကြ
လဲဆိုတဲအချက်ကို Jennie စာအုပ်တွေထဲမှာ
မဖတ်ဖူးသေးဘူး။ဒါကြောင့် ဆရာ့ရဲ့ ချစ်တယ်
ဆိုသောစကားကို ဘယ်လိုပြန်ဖြေရမလဲမသိဘူး။ပုံမှန်တုန်ခါနှုန်းမြင့်နေတဲ့နှလုံးခုန်သံတွေဖြစ်ပေါ်
နေတဲ့ရင်ခွင်ကျယ်ထဲမှာခုချိန်ထိသူမကရှိနေဆဲပဲ။
သူမရဲ့ခေါင်းနဲ့ပခုံးစွန်းကိုကိုင်ထားကာဖက်ထားဆဲ
သူက လွှတ်ပေးဖို့သတိရပုံမရသေး။ဖွင့်ဟဝန်ခံမိတဲ့ချစ်ခြင်းစကားတို့အတွက်
သူဘာပြန်ရနိုင်မလဲဆိုတာကိုစောင့်ဆိုင်းနေသလို
ထင်ရပါသည်။တိတ်ဆိတ်ခြင်းနဲ့ငြိမ်သက်ခြင်းကိုတစ်ပြိုင်တည်း
ခံစားလာရချိန်မှာတော့ Lisa ရဲ့ခေါင်းက
သူမပခုံးဆီကိုစောင်းကျလာသည်။ Jennie လက်နဲ့
အသာထိန်းလိုက်ရပြီးသူ့မျက်နှာကိုကြည့်မိတော့
အိပ်ပျော်နေပြီ။သူမတိုက်ထားသောဆေးရည်၏
အာနိသင်ကသူမ ရှောင်ထွက်ချင်နေသော
အေြခအနေနဲ့အချိန်ကိုက်။ခုတင်ပေါ်မှာအိပ်ပျော်နေသော Lisa ကို
Jennie အကြာကြီးငေးကြည့်နေမိသည်။မိန်းကလေးပေမယ့်ချောမောလွန်းသောမျက်နှာလေး
စွဲမက်စရာကောင်းတဲ့နှုတ်ခမ်းလေး။
ပြုံးလိုက်တိုင်းသူမစိတ်အစဥ်ကိုအေးချမ်းစေသလား။ ဒီနှုတ်ခမ်းတွေကနေကြားရတဲ့ချစ်တယ်
ဆိုသောစကားကို သူမ တကယ်သဘောကျနေမိ။ဘေးနားကိုဝင်ထိုင်လိုက်ပြီး သူ့ပါးလေးတစ်ဖက်ကို
လက်ညိုးနဲ့ခပ်ဖွဖွထိုးကြည့်တယ်။တကယ်ကိုအိပ်
ပျော်နေတာ။ နူးညံ့မယ်အထင်နဲ့သူ့နှုတ်ခမ်းဖျား
တွေကိုထိကြည့်မိတော့ နှလုံးခုန်သံတွေမြန်လာသလို။ အမြန်လက်ကိုဖယ်ကတိတ်တခိုးပြုံးမိ
လိုက်သေးသည်။ရင်ဘတ်ပေါ်တင်ထားသော သူ့လက်ဖဝါးကို
အသာဆုပ်ကိုင်လိုက်ပြီး သူ၏နဖူးပြင်ကျယ်ကို
ခပ်ဖွဖွခိုးနမ်းမိတဲ့အခါ သူမလက််ဖဝါးက
တင်းကြပ်သွားသည်။လန့်သွားပြီးသူ့မျက်နှာကို
ကြည့်မိပေမယ့်မျက်လုံးတွေကဖွင့်မလာ။
လက်ကိုဆုပ်ကိုင်ထားသည်။
အသိစိတ်နဲ့လား၊မသိစိတ်နဲ့လား။
Jennie ၏ရှက်သွေးတို့ကဖြန်းခနဲ။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "